မြန်မာဘာသာ

အဲဒါဟာ ရုရှားကို အရေးယူပိတ်ဆို့တာ ဘယ်ဟုတ်မလဲ၊ အမေရိကန်က ဥရောပသမဂ္ဂကို အရေးယူ ပိတ်ဆို့နေတာပါ

criPublished: 2022-03-11 11:16:00
Share
Share this with Close
Messenger Pinterest LinkedIn

ယနေ့ ကမ္ဘာပေါ်မှာ အရေးယူ ပိတ်ဆို့မှု အများဆုံး ခံနေရတဲ့ နိုင်ငံက ဘယ်နိုင်ငံလဲ၊ ရုရှားပါ။

ရုရှား Spuntnik သတင်းဌာနမှ ထုတ်ပြန်ချက်အရ ၂၀၁၄ ခုနှစ်ကစပြီး ရုရှားနိုင်ငံဟာ အရေးယူ ပိတ်ဆို့မှု စုစုပေါင်း ၅၅၃၂ ခုကို ခံခဲ့ရပြီး အဲဒါတွေထဲမှာ ၂၇၇၈ ခုဟာ ဒီနှစ် ဖေဖေါ်ဝါရီလ ၂၂ ရက်နေ့ နောက်ပိုင်းမှာ တိုးလာခဲ့တာ ဖြစ်ပါတယ်။

တရုတ်နိုင်ငံက အရေးယူ ပိတ်ဆို့မှုနည်းလမ်းနဲ့ ပြဿနာ ဖြေရှင်းဖို့ မထောက်ခံကြောင်း၊ အထူးသဖြင့် နိုင်ငံတကာ ဥပဒေ အထောက်အထားမရှိတဲ့ တစ်ဖက်သတ် အရေးယူ ပိတ်ဆို့မှုကို ကန့်ကွက်ကြောင်း၊ အကြောင်းကတော့ အရေးယူ ပိတ်ဆို့မှုဟာ စီးပွားရေးမှာ နှစ်ဖက်စလုံး ရှုံးနိမ့်ခြင်း သို့မဟုတ် ဘက်ပေါင်းစုံ ရှုံးနိမ့်ခြင်း အခြေအနေတွေ ဖြစ်စေ နိုင်ကြောင်း ပြောကြားခဲ့ပါတယ်။

ဒါပေမယ့် ရုရှားအား အရေးယူမှုကို စွဲနေပြီဖြစ်တဲ့ အနောက်နိုင်ငံများက အဲဒီ စကားတွေကို လျစ်လျူရှုပြီး ထင်ရာစိုင်း ဇွတ်အတင်း လုပ်ဆောင်ခဲ့ကြပါတယ်။ ခုချိန်မှာ အဲဒီလို အရေးယူ ပိတ်ဆို့မှုများကို အလွဲသုံးစားလုပ်ခဲ့တာကြောင့် ဘေးထွက် ဆိုးကျိုးများ ပေါ်လာနေပါတယ်။

ဥရောပသမဂ္ဂနိုင်ငံများနဲ့ ဗြိတိန်နိုင်ငံတွေမှာ သဘာဝဓါတ်ငွေ့နဲ့ ရေနံစိမ်း ဈေးနှုန်းဟာ တစ်ရှိန်ထိုး တိုးလာခဲ့ပါတယ်။

ဂျာမဏီ ဝန်ကြီးချုပ်က ရုရှားရဲ့ ရေနံနဲ့ သဘာဝဓါတ်ငွေ့ကို အရေးယူ ပိတ်ဆို့မှု ပြုလုပ်ခြင်းဟာ ဥရောပရဲ့ စွမ်းအင်လုံခြုံမှုကို အန္တရာယ် ဖြစ်စေနိုင်မယ်လို့ ၇ ရက်နေ့က သတိပေး ပြောဆိုခဲ့ပါတယ်။

ဗြိတိန် နာမည်ကြီးသတင်းထောက်တစ်ဦးက ယခုနှစ်နဲ့ ပြီးခဲ့တဲ့နှစ်ရဲ့ သဘာဝဓါတ်ငွေ့ ဈေးနှုန်းကို နှိုင်းယှဉ်ပြီးနောက် အရေးယူ ပိတ်ဆို့မှုဟာ ရုရှားကို ထိခိုက်တယ် ဆိုတာ အမှန်တကယ် ပါပဲ၊ ဒါပေမယ့် တစ်ချိန်တည်းမှာ ဗြိတိန်နိုင်ငံကိုလည်း ထိခိုက်မှုများ ဖြစ်စေခဲ့တယ်လို့ ဖေါ်ပြပါတယ်။

တရုတ် အင်တာနက် သုံးစွဲသူများကလည်း အဲဒါဟာ ရုရှားကို အရေးယူပိတ်ဆို့တာ ဘယ်ဟုတ်မလဲ၊ အမေရိကန်က ဥရောပသမဂ္ဂကို အရေးယူ ပိတ်ဆို့နေတာပါလို့ ဖေါ်ပြခဲ့ကြပါတယ်။

Share this story on

Messenger Pinterest LinkedIn