ရှီကျင့်ဖိန်သည် ၁၃ ကြိမ်မြောက် တရုတ်ပြည်လုံးဆိုင်ရာပြည်သူ့ကွန်ဂရက် ပဉ္စမအကြိမ် အစည်းအဝေး ပိတ်ပွဲအခမ်းအနားသို့ တက်ရောက်
မတ်လ ၁၁ ရက်နေ့ နံနက်ပိုင်းက ၁၃ ကြိမ်မြောက် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် ပဉ္စမအကြိမ် အစည်းအဝေး ပိတ်ပွဲအခမ်းအနားကို ပြည်သူ့ ခန်းမဆောင်ကြီး၌ ကျင်းပခဲ့ပါသည်။ ရှီကျင့်ဖိန် အပါအဝင် တရုတ်ကွန်မြူနစ်ပါတီနှင့် နိုင်ငံတော်ခေါင်းဆောင်များသည် ပိတ်ပွဲအခမ်းအနားသို့ တက်ရောက်ကြသည်ဟု China Media Group မှ သတင်းအရ သိရပါသည်။