ရှီကျင့်ဖိန်၏ ဤဥပမာများနောက်ကွယ်၌ ဗျူဟာများ
ရှီကျင့်ဖိန်က အပ်ထိပ်ဖျားလို အပေါက်လေးဟာ တင်းလောက်ကြီးတဲ့လေ ထွက်နိုင်တယ်။ ကူးစက်ရောဂါ ထိန်းချုပ်ကာကွယ်ရေးကို အချိန်မရွေး စဉ်ဆက်မပြတ် တင်းတင်းကျပ်ကျပ် ဆောင်ရွက်ရမယ်လို့ ပြောခဲ့တယ်။
ရှင်းပြချက်။ ။ အပ်ထိပ်ဖျားလိုအပေါက်လေးဟာ တင်းလောက်ကြီးတဲ့လေထွက်နိုင် ကတော့ ဆောင်းတွင်းမှာ ပြတင်းပေါက်မှာ အပေါက် သေးသေးလေးပေမဲ့ လေအေး အမြောက်အမြားဝင်နိုင်မယ် ဆိုတာ ဖြစ်တယ်။ ဆိုလိုတာက ကိစ္စ လုပ်တာနည်းနည်းသတိမထားရင် နစ်နာဆုံးရှုံးမှုကြီး ဖြစ်နိုင်မှာ ဖြစ်ပါတယ်။
၁၀။ ဖူချွင်တောင် နေထိုင်မှု ပန်းချီကား
ရှီကျင့်ဖိန်က သာယာလှပတဲ့ ပုံစံအမျိုးမျိုးနဲ့ ထူးခြားချက်ဝိသေသမျိုးစုံရှိတဲ့ ခေတ်မီဖူချွင်တောင် နေထိုင်မှု ပန်းချီကားကိုရေးဆွဲရမယ်လို့ ပြောခဲ့တယ်။
ရှင်းပြချက်။။ဖူချွင်တောင် နေထိုင်မှု ပန်းချီကားဟာ ယွမ်မင်းဆက်ခေတ်က ရှေးဟောင်းပန်းချီကား ဖြစ်ပြီး တရုတ်ပြည် ဖူချွင်မြစ် တစ်ဝှမ်းမှာ လူနဲ့ သဘာဝ သင့်မြတ်ဖေါ်ရွေစွာ အတူယှဉ်တွဲနေထိုင်ပုံကို ဖေါ်ပြထားပါတယ်။ ရှီကျင့်ဖိန်က ယနေ့ခေတ် ဖူချွင်တောင် နေထိုင်မှု ပန်းချီကားကို ဥပမာအဖြစ် ပေးပြီး ခေတ်သစ်မှာတရုတ်ပြည်သူများရဲ့ ချမ်းသာ၊ လှပ၊ ယဉ်ကျေး၊ ချမ်းမြေ့သောသာယာလှပတဲ့ ရပ်ရွာပုံကိုသရုပ်ဖေါ်ပြထားပါတယ်။