မြန်မာဘာသာ

သြစတြေးလျ အရာရှိများက တရုတ်-ရုရှား မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးသည် “စိတ်အနှောင့်အယှက်ဖြစ်စေသည်” ဟုပြောကြားခြင်းနှင့်ပတ်သက်၍ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက သင့်တွင် အချိန်ရှိပါက သင့်ကိုယ်ပိုင်ကိစ္စများကို ပိုမိုအာရုံစိုက်သင့်သည်ဟုဆို

criPublished: 2022-03-10 16:44:56
Share
Share this with Close
Messenger Pinterest LinkedIn

ယခုလ ၉ ရက်နေ့ညနေပိုင်းက တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တစ်ဦးက သြစတြေးလျနိုင်ငံ အမျိုးသားထောက်လှမ်းရေးဒါရိုက်တာ အန်ဒရူရှီရေ က တရုတ်-ရုရှားမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးဟာ စိတ်အနှောင့်အယှက်ဖြစ်စေတယ်လို့ ပြောကြားခဲ့တယ်။ဒီကိစ္စနဲ့ ပတ်သက်ပြီး နိုင်ငံခြားရေးဝန်ကြီးဌာနက ဘယ်လိုသဘောထားလဲလို့ မေးမြန်းခဲ့တယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူကျောက်လိကျန်းက သက်ဆိုင်ရာ သတင်းတွေကို မတွေ့ခဲ့ရသေးဘူး။ တကယ်လို့ အဲဒီလိုပြောရင် တရုတ်နဲ့ ရုရှား နှစ်နိုင်ငံစလုံးရဲ့ ပြင်းပြင်းထန်ထန် ကန့်ကွက်မှုကို ခံရမှာ သေချာပါတယ်။ သူ့မှာ အချိန်ရှိမယ်ဆိုရင် သြစတြေးလျရဲ့ ကိုယ်ပိုင်အရေး၊ အမေရိကန်၊ ဗြိတိန်နဲ့ သြစတြေးလျတို့က သူတို့ထမ်းဆောင်ရမယ့် နျူကလီးယား မပြန့်ပွားစေရေး တာဝန်ဝတ္တရားတွေကို လျစ်လျူရှုပြီး ဒေသတွင်းနိုင်ငံတွေနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ ဆန့်ကျင်မှုကို လျစ်လျူရှုကာ နျူကလီးယားရေငုပ်သင်္ဘောပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ခြင်းကိစ္စကို ပိုမို အာရုံစိုက်သင့်တယ်။ ဒါမှဒီဒေသတွင်းက တကယ့်ဒုက္ခပါပဲလို့ ပြောကြားပါတယ်။

Share this story on

Messenger Pinterest LinkedIn