မြန်မာဘာသာ

အနောက်တိုင်းမှ ရုရှားအား ပိတ်ဆို့ခြင်းသည် ဥရောပစီးပွားရေးကျဆင်းသွားစေနိုင်ကြောင်း စီးပွားရေးပညာရှင်ဆို၊ အကြောင်းအရင်းမှာ အဘယ်နည်း။

criPublished: 2022-03-09 15:21:00
Share
Share this with Close
Messenger Pinterest LinkedIn

စီးပွားရေးပိတ်ဆို့မှုအကြောင်း- NBC Cable Channel မှ ၈ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် သတင်းအရ လေ့လာသူတစ်ချို့မှ အနောက်တိုင်းမှ ရုရှားအားပိတ်ဆို့ခြင်းသည် ဥရောပ စီးပွားရေးဆုတ်ယုတ်သွားနိုင်ကြောင်း ယူဆကြပါသည်။ သတင်းအရ အနောက်တိုင်းမှ ရုရှားအပေါ် ပိတ်ဆို့မှုသည် တစ်ကမ္ဘာလုံးဆိုင်ရာ စွမ်းအင်ဈေးနှုန်း ချက်ချင်း မြင့်တက်သွားစေပြီး ဥရောပမှ သုံးစွဲသူများ ယုံကြည်မှု ကျဆင်းနေပါသည်။ ရုရှားသည်လည်း အနောက်တိုင်း ဘဏ္ဍာရေး ဈေးကွက်နှင့် ဆက်သွယ်မှုအား ဖြတ်တောက်ခံနေရသဖြင့် စီးပွားရေးပညာရှင်များမှ ဥရောပ စီးပွားရေးသည် ထို့အတွက်ကြောင့် သက်ရောက်မှုများခံရမည်ဟု ခန့်မှန်းကြပါသည်။

လန်ဒန်တွင် ဌာနချုပ်ထားရှိသော နာမည်ကျော်စီးပွားရေးသုတေသနအဖွဲ့အစည်းဖြစ်သည့် Capital Economics မှ ရုရှားစွမ်းအင်များတင်သွင်းခြင်းအား ဘက်ပေါင်းစုံမှ ပိတ်ဆို့ လိုက်ခြင်းသည် လန်ဒန်၊ Brent ရေနံစိမ်းအနာဂတ်ဈေးနှုန်းသည်၊ တစ်စည်လျှင် အမေရိကန်ဒေါ်လာ (၁၆၀)ထိ မြင့်တက်လာစေခဲ့ပြီး ယူရိုငွေသုံးစွဲသည့်ဒေသများအား Covid-19 ကူးစက်ရောဂါဖြစ်ပွားလာသည်မှ တတိယအကြိမ် ဆုတ်ယုတ်မှုဖြစ်ပေါ်လာစေခဲ့သည်ဟု ဆိုထားပါသည်။

Share this story on

Messenger Pinterest LinkedIn