မြန်မာဘာသာ

ရှီကျင့်ဖိန်နှင့် ပြင်သစ်၊ ဂျာမဏီခေါင်းဆောင်များ ဗီဒီယိုထိပ်သီးအစည်းအဝေး ကျင်းပ

criPublished: 2022-03-09 13:30:25
Share
Share this with Close
Messenger Pinterest LinkedIn

မတ်လ ၈ ရက်နေ့ ညနေပိုင်းက တရုတ်နိုင်ငံတော်ဥက္ကဋ္ဌရှီကျင့်ဖိန်နှင့် ပြင်သစ်သမ္မတ မာခရွန်၊ ဂျာမဏီဝန်ကြီးချုပ်ဆိုလ်ဇီတို့သည် ဗီဒီယိုထိပ်သီးအစည်းအဝေး ကျင်းပခဲ့သည်။

ရှီကျင့်ဖိန်က မျက်မှောက် ကမ္ဘာကြီးတွင် အပြောင်းလဲကြီးပြောင်းလဲပြီး ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွား၍ ကမ္ဘာတစ်ဝန်းတွင် စိန်ခေါ်မှုများရင်ဆိုင်နေရသဖြင့် နိုင်ငံတကာပူးပေါင်း ဆောင်ရွက်ရေး လိုအပ်ပါကြောင်း၊ တရုတ်နှင့် ဥရောပသည် အေးချမ်းရေး၊ ဖွံ့ဖြိုးရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး၌ တူညီသော ရည်မှန်းချက် များစွာ ရှိကြောင်း၊ နှစ်ဖက်တို့က ဘက်ပေါင်းစုံဝါဒ ဆက်လက် ကိုင်တွယ်ပြီး အရေးကြီး ကမ္ဘာလုံးဆိုင်ရာ အစီအစဉ်များကို တွန်းအားပေရမည် ဖြစ်ကြောင်း ပြောကြားသည်။

မာခရွန်နှင့် ဆိုလ်ဇီက တရုတ်နိုင်ငံသည် ပီကင်း ဆောင်းရာသီ အိုလံပစ် အားကစားပွဲတော် အောင်မြင်စွာ ကျင်းပခြင်းအတွက် ထောမနာ ပြုပါကြောင်း၊ ဥရောပသည် တရုတ်နှင့်လက်တွဲ၍ ဥရောပ-တရုတ်ခေါင်းဆောင်များ တွေ့ဆုံပွဲကို ကောင်းမွန်စွာ ကျင်းပပြီး ပြင်သစ်-တရုတ်၊ ဂျာမဏီ-တရုတ်နှင့် ဥရောပ-တရုတ် ဆက်ဆံရေး ဆက်တိုက် တွန်းအားပေးလိုပါကြောင်း ပြောကြားသည်။

Share this story on

Messenger Pinterest LinkedIn