မြန်မာဘာသာ

ပြည်တွင်းပြည်ပရှိ အမေရိကန်၏ ဇီဝ စစ်ရေးလှုပ်ရှားမှုများကို ဘက်ပေါင်းစုံမှ စိစစ်သင့်သည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနဆို

criPublished: 2022-03-09 13:32:22
Share
Share this with Close
Messenger Pinterest LinkedIn

ယူကရိန်းရှိ အမေရိကန် ဇီဝဓာတ်ခွဲခန်းဆိုင်ရာ မေးခွန်းကို တုံ့ပြန်သည့်အနေဖြင့် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူကျောက်လိကျန်းက အမေရိကန်အား ၄င်း၏ ပြည်တွင်းပြည်ပရှိ ဇီဝစစ်ရေးလှုပ်ရှားမှုနှင့်ပတ်သက်ပြီး ဘက်စုံ ရှင်းလင်း ဖေါ်ပြပြီး ဘက်ပေါင်းစုံမှ စိစစ်မှုကိုလက်ခံရန် တရုတ်ဘက်က တစ်ကြိမ် ထပ်မံ လှုံ့ဆော်တိုက်တွန်းကြောင်း ပြောကြားပါသည်။

ယူကရိန်းရှိ အမေရိကန် ဇီဝဓာတ်ခွဲခန်းများသည် မကြာသေးမီက ကျယ်ကျယ်ပြန့်ပြန့် အာရုံစိုက်ခံရပြီး ယူကရိန်းရှိ အမေရိကန်သံရုံးသည် ဓာတ်ခွဲခန်းနှင့် ပတ်သက်သည့် အချက်အလက်များကို အရေးပေါ် ဖျက်ပစ်ပြီဖြစ်ကြောင်း သတင်းထောက်တစ်ဦးက စုံစမ်းရရှိခဲ့သည်။

Share this story on

Messenger Pinterest LinkedIn