တရုတ်က ကိုယ့်ကိုယ်ကိုယ် အားကိုးပြီး ကိုယ့်ကိုယ်ကိုယ် ထောက်ပံ့ဖို့ လိုတယ်!
"ခင်ဗျာက ဒီဝီချက်ဂရုဖ်ရဲ့ပိုင်ရှင် ဘယ်လိုလုပ်ဖြစ်လာတာလဲ" ပါတီအထွေထွေ အတွင်းရေးမှူး ရှီကျင့်ဖိန်က သူ့မျက်နှာချင်းဆိုင်မှာ ထိုင်နေတဲ့ ကော်မတီဝင် ဝမ်ကျင့်ကို ပြုံးပြုံးလေးနဲ့ မေးလိုက်ပါတယ်။
ဝမ်ကျင့်က တရုတ်လယ်ယာစိုက်ပျိုးရေးသိပ္ပံပညာအကယ်ဒမီမှ သုတေသီတစ်ဦးဖြစ်ပြီး တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့် ပြည်လုံးဆိုင်ရာကော်မတီဝင်" ကျေးလက် ပြန်လည် ရှင်သန်ရေး စာဖတ်ခြင်းအဖွဲ့" ရဲ့ ဝီချက်ဂရုဖ်ပိုင်ရှင်လည်း ဖြစ်ပါတယ်။
“တက်ကြွလှုပ်ရှားသူမို့လို့ သူတို့က ဝီချက်ဂရုဖ်ပိုင်ရှင်ဖြစ်ဖို့ ထောက်ခံတာပါ” လို့ ဝမ်ကျင့်က ကျယ်လောင်စွာ ပြန်ဖြေတယ်။
ဒီဝီချက်ဂရုဖ်မှာ ဆွေးနွေးလေ့ရှိတဲ့ ခေါင်းစဉ်ကတော့ "စားနပ်ရိက္ခာ" ပါ။ ဒီတစ်ကြိမ် သူမပြောကြားမယ့် ခေါင်းစဉ်ကလည်း စားနပ်ရိက္ခာနဲ့ သက်ဆိုင်ပါတယ်။ "လယ်ထွက်ကုန် အရည်အသွေး ဘေးကင်းရေး အခြေခံကို တည်ဆောက်ခြင်း" တဲ့။
အထွေထွေအတွင်းရေးမှူး ရှီကျင့်ဖိန်က နားထောင်ရင်း မှတ်သားခဲ့တယ်။
လယ်ယာစိုက်ပျိုးရေးဟာ တိုင်းပြည်ရဲ့အခြေခံအုတ်မြစ်ဖြစ်ပြီး အခြေခံအုတ်မြစ် ခိုင်မာလာရင် တိုင်းပြည်က တည်ငြိမ်အေးချမ်းနိုင်တယ်။ အထွေထွေအတွင်းရေးမှူးက နှစ်များတစ်လျှောက် မကြာခဏ သတိပေးလေ့ရှိတယ် -"စားနပ်ရိက္ခာဖူလုံမှုမှာ လျော့ရဲခြင်းမရှိရပါ။”
အလုပ်ကြိုးစားမှုဖြင့် တရုတ်နိုင်ငံက ကမ္ဘာ့လူဦးရေရဲ့ ငါးပုံတစ်ပုံနီးပါးကို ကမ္ဘာ့ ထွန်ယက်စိုက်ပျိုးနိုင်တဲ့မြေရဲ့ ၉ ရာခိုင်နှုန်း နဲ့ ကမ္ဘာ့ရေချိုအရင်းအမြစ်များရဲ့ ၆ ရာခိုင်နှုန်း ဖြင့် ပြုစုပျိုးထောင်ပေးခဲ့တယ်။ ဝအောင်မစားနိုင်သူ သန်း ၄၀၀ မှ ဒီနေ့ ၁.၄ ဘီလီယံကျော် ကောင်းမွန်စွာ စားသုံးနိုင်တဲ့အထိ “တရုတ်ကို ဘယ်သူကျွေးမလဲ” ဆိုတဲ့ မေးခွန်းကို ခိုင်မာစွာ ဖြေဆိုခဲ့တယ်။
"တရုတ်ကို ဘယ်သူကျွေးမလဲ။ တရုတ်က ကိုယ့်ကိုယ်ကိုယ် အားကိုးပြီး ကိုယ့်ကိုယ်ကိုယ် ထောက်ပံ့ဖို့ လိုတယ်!" အထွေထွေအတွင်းရေးမှူးရဲ့ လေသံက စူးရှတယ်။