မြန်မာဘာသာ

ရှီကျင့်ဖိန်သည် ကမ္ဘာ့အိုလံပစ်ကော်မတီဥက္ကဋ္ဌ ဘာဟ်ထံသို့ စာပြန်

criPublished: 2022-03-06 18:49:00
Share
Share this with Close
Messenger Pinterest LinkedIn

ယခုလ ၂ရက်နေ့တွင် တရုတ်နိုင်ငံတော်ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ကမ္ဘာ့အိုလံပစ်ကော်မတီဥက္ကဋ္ဌ ဘာဟ်ထံသို့ စာတစ်စောင်ကို ပြန်ပို့ခဲ့ပါသည်။

ရှီကျင့်ဖိန်က ပီကင်း ဆောင်းရာသီ အိုလံပစ် အားကစားပြိုင်ပွဲသည် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပြီ ဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် အိုလံပစ်အားကစားပြိုင်ပွဲကို ကျင်းပခြင်းဆိုင်ရာ ကတိကဝတ်ကို ဘက်စုံ အကောင်အထည် ဖော်ဆောင်ပြီး ကမ္ဘာ့အတွက် ရိုးရှင်း၊ ဘေးကင်း၊ ရသမြောက် အိုလံပစ် အားကစားပြိုင်ပွဲကို ကျင်းပပေး၍ နိုင်ငံတကာမိသားစုကြီး၏ မြင့်မားသော ချီးကျူးမှုများကို ရရှိပါကြောင်း၊ ဥက္ကဋ္ဌ ဘာဟ်နှင့် ကမ္ဘာ့အိုလံပစ် ကော်မတီက ပီကင်း ဆောင်းရာသီ အိုလံပစ် အားကစားပြိုင်ပွဲကို ရေရှည် ပြတ်သားစွာ ထောက်ခံပေးသည့်အတွက် ကျေးဇူးတင်ရှိကြောင်း၊ တရုတ်အစိုးရအနေနှင့် ကမ္ဘာ့အိုလံပစ်ကော်မတီနှင့် ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်ပြီး လူးသားကံကြမ္မာတူအသိုက်အဝန်း တည်ဆောက်ရေး အခန်းကဏ္ဍသစ်ကို ဖွင့်လှစ်ရန် ပူးတွဲ ဆောင်ရွက်လိုကြောင်း ရေးသားဖော်ပြပါသည်။

မကြာခင်က ဘာဟ်သည် ရှီကျင့်ဖိန်ထံသို့ စာတစ်စောင်ကိုပေးပို့ခဲ့ပါသည်။ ယင်းစာထဲတွင် ဘာဟ်က ၂၀၂၂ခုနှစ် ပီကင်းဆောင်းရာသီ အိုလံပစ် အားကစားပြိုင်ပွဲကို အောင်မြင်စွာ ကျင်းပခြင်းအတွက် ထောမနာပြုကြောင်း၊ ပီကင်း ဆောင်းရာသီ အိုလံပစ် အားကစားပြိုင်ပွဲသည် တည်ကြည်လေးနက်သော ကတိကဝတ်ကို ဖေါ်ဆောင်ပြီး ရည်မှန်းချက်ကို အမြင့်ဆုံးစံချိန်စံနှုန်းဖြင့် အကောင်အထည်ဖော်ဆောင်ကာ ပါဝင်သူများအားလုံး၏ လုံခြုံရေးကို အာမခံပေးခဲ့ကြောင်းရေးသားဖော်ပြပါသည်။

Share this story on

Messenger Pinterest LinkedIn