တရုတ်အင်တာနက်ကုမ္ပဏီက ကန်မှ တရုတ်အပေါ် ရည်ရွယ်သော အတိုင်းအတာ ကြီးမားသည့် ဆိုက်ဘာတိုက်ခိုက်မှုများ ပေါက်ကြားခြင်းနှင့်ပတ်သက်၍ ကန်ဘက်မှ ရှင်းလင်းဖော်ပြရန် တရုတ် တိုက်တွန်း
တရုတ်ဆိုက်ဘာကုမ္ပဏီသည် အမေရိကန်မှ တရုတ်အပေါ် ရည်ရွယ်သော ကြီးမားသော ဆိုက်ဘာတိုက်ခိုက်မှုများ ပေါက်ကြားခြင်း စသော အခြေအနေများနှင့် ပတ်သက်၍ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝင်ပင်က တရုတ်ဘက်သည် သက်ဆိုင်ရာ အစီရင်ခံစာကို သတိပြုမိကြောင်း၊ ယင်းအစီရင်ခံစာတွင် ပေါက်ကြားခဲ့သော မလိုမုန်းထားစိတ်ဖြင့် ဆိုက်ဘာလှုပ်ရှားမှုများကို ပြစ်တင် ရှုတ်ချကြောင်း၊ အမေရိကန်ဘက်အနေနှင့် ရှင်းလင်းစွာ ဖော်ပြပြီး ယင်းသို့သော လုပ်ရပ်များကို ချက်ချင်း ရပ်စဲရန် ပြင်းထန်စွာ တိုက်တွန်းကြောင်း၊ တရုတ်နိုင်ငံသည် တရုတ်နိုင်ငံ၏ ဆိုက်ဘာ လုံခြုံရေးနှင့် ကိုယ်ကျိုးစီးပွါးကို ထိန်းသိမ်းရန်အတွက် လိုအပ်သောနည်းလမ်းများကို ဆောင်ရွက်မည် ဖြစ်ကြောင်း ၃ရက်နေ့က ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။
တရုတ်ဆိုက်ဘာလုံခြုံရေးကုမ္ပဏီဖြစ်သည့် 360 ကုမ္ပဏီသည် ၂ရက်နေ့က အမေရိကန် နိုင်ငံတော်လုံခြုံရေးအေဂျင်စီမှ တစ်ကမ္ဘာလုံးကို (၁၀)နှစ်ကျော်ကြာ ခွဲခြားမှု မရှိသော ဆိုက်ဘာတိုက်ခိုက်မှုများကို ဆင်နွှဲခြင်းဆိုင်ရာ အစီရင်ခံစာကို ထုတ်ပြန်ခဲ့ရာ၊ အမေရိကန်သည် ဆိုက်ဘာလက်နက်ကို အသုံးပြုပြီး တရုတ်၊ ဗြိတိန်၊ ဂျာမဏီ၊ ပြင်သစ်၊ ဂျပန်၊ အိန္ဒိယ၊ ဘရာဇီး စသော နိုင်ငံနှင့်ဒေသ(၄၇)ခုမှ ပစ်မှတ်(၄၀၃)ခုအပေါ် ဆိုက်ဘာတိုက်ခိုက်ခဲ့သည်ဟု ပေါက်ကြားခဲ့ကြောင်း သတင်းရရှိပါသည်။