မြန်မာဘာသာ

ကိုယ့်အကြံပြုချက်များကို လက်ခံကျင့်သုံးတာ မြင်တော့ မိမိ ပခုံးပေါ်ရှိ တာဝန် ပိုလေးဟု ခံစားမိကြောင်း တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် ကိုယ်စားလှယ် လျူဖှာယဉ် ဆို

criPublished: 2022-03-04 12:56:26
Share
Share this with Close
Messenger Pinterest LinkedIn

ကျွန်မ နာမည်က လျူဖှာယဉ်လို့ခေါ်ပြီး၊ ၁၃ကြိမ်မြောက် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ ကွန်ဂရက် ကိုယ်စားလှယ်ဖြစ်ပါတယ်။ ကျွန်မက ဟူပေပြည်နယ် ချန်ယန် ထူကျာ-လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ရေးခရိုင်က လာပြီး၊ ကျေးရွာ မူလတန်းကျောင်း ဆရာမ တစ်ဦးဖြစ်ပါတယ်။ ဒီနှစ်မှာ ကျွန်မက တိုင်းရင်းသားလူမျိုးစု ဒေသများ၏ စီးပွားရေးနဲ့ လူမှုရေးဖွံ့ဖြိုးမှုရေးရာ အကြံပြုချက် ၅ ရပ်ကို တင်သွင်းထားပါတယ်။ ၂၀၂၀ခုနှစ်က ကျွန်မက တိုင်းရင်းသားလူမျိုးစု ဒေသများမှ ကျောင်းဆရာပြုစုပျိုးထောင်ရေး၊ ပညာရေးကို အရည်အသွေးမြင့်စွာ ဖွံ့ဖြိုးဖို့ အားသစ်လောင်းပေးရေးဆိုင်ရာ အကြံပြုချက်များကို တင်သွင်းခဲ့ပြီး၊ ဘဏ္ဍရေးဝန်ကြီးဌာနက အလွန်အလေးထားခဲ့တယ်လို့ ပြောခဲ့ပါတယ်။

Share this story on

Messenger Pinterest LinkedIn