ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံစနစ်သည် ဘက်စုံလုပ်ငန်းစဉ် အားလုံး ပြည်သူအခြေခံ ဒီမိုကရေစီ(Whole Process People’s Democracy) ဖွံ့ဖြိုးတိုးတက်ရေး အတွက် အရေးကြီးသော စနစ်အစီအစဉ်ဖြစ်
၁၃ကြိမ်မြောက် တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့် ပြည်လုံးဆိုင်ရာ ကော်မတီ ပဉ္စမအကြိမ်အစည်းအဝေး ပထမဆုံးအကြိမ် သတင်းစာရှင်းလင်းပွဲကို မတ်လ ၃ရက်နေ့က ကျင်းပခဲ့ပါသည်။ ၁၃ကြိမ်မြောက် တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံ ကွန်ဖရင့် ပြည်လုံးဆိုင်ရာကော်မတီ ပဉ္စမအကြိမ်အစည်းအဝေးကို မတ်လ ၄ရက်နေ့မှ မတ်လ ၁၀ရက်နေ့အထိ ပီကင်းမြို့တွင် ကျင်းပမည်ဖြစ်ပါသည်။ အစည်းအဝေးကို ၆ရက်ကြာ ကျင်းပမည်ဖြစ်ပါသည်။ လက်ရှိအချိန်တွင် အစည်းအဝေးပြင်ဆင်ရေးလုပ်ငန်း အားလုံးအဆင်သင့်ဖြစ်ပြီဖြစ်ပါသည်။
အစည်းအဝေးမှ ပြောရေးဆိုခွင့်ရှိသူ ကိုဝေ့မင်း က တရုတ်ပြည်သူ့နိုင်ငံရေး အတိုင်ပင်ခံကွန်ဖရင့် ပြည်လုံးဆိုင်ရာကော်မတီတွင် လုပ်ငန်းနယ်ပယ်၃၄ခု ထားရှိကြောင်း၊ ပါတီဂိုဏ်းများ၊ အဖွဲ့အစည်းများ၊ တိုင်းရင်းသားလူမျိုးများ၊ အဆင့်ဆင့်လူတန်းစားများ၊ အလွှာပေါင်းစုံမှ ပုဂ္ဂိုလ်များ နိုင်ငံ့အရေးကိစ္စကို အတူတကွဆွေးနွေးရန် ထိရောက်စွာ အာမခံပေးနိုင်ပြီး ပြည်သူအခြေခံ ဒီမိုကရေစီကို ကျယ်ပြန့်ထိရောက်စွာ ကျင့်သုံးစေနိုင် ကြောင်း၊ ဒီမိုကရေစီအတိုင်ပင်ခံရေးတွင် ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံစနစ်ကို တစ်လျှောက်လုံး စွဲကိုင်ထားသဖြင့် ဘက်စုံလုပ်ငန်းစဉ်အားလုံး ပြည်သူအခြေခံ ဒီမိုကရေစီ အကောင်အထည်ဖော်ရေးအတွက် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်ကြောင်း၊ တရုတ်ပုံစံ ဒီမိုကရေစီ၏ ထူးခြားသော အားသာချက်ကို ပြဆိုနိုင်ကြောင်း ပြောကြားခဲ့ ပါသည်။