အမေရိကန်အားကစားသမားဆောင်းရာသီမသန်စွမ်းအိုလံပစ်ကျေးရွာအားကြိုက်နှစ်သက် --- ထင်မှတ်မထားတဲ့ကြိုဆိုမှုတွေရရှိခဲ့ ဝန်ဆောင်မှုကအရမ်းနွေးထွေး
ဘေကျင်းမသန်စွမ်းအိုလံပစ်အားကစားပွဲတော်သည်မကြာမီဖွင့်လှစ်တော့မည်ဖြစ်သည်။ (၃)လ၊(၁)ရက်နေ့တွင်၊အမေရိကန်နိုင်ငံမှခရီးကြမ်းနှင်းလျောစီးအားကစားသမား Leila Dodley သည်၊နိုင်ငံခြား Social Media“Instagram”တွင်၊ဆောင်းရာသီမသန်စွမ်းအိုလံပစ်ကျေးရွာ၏ ဝန်ဆောင်မှုအားလွန်စွာကြိုက်နှစ်သက်ကြောင်းဖော်ပြခဲ့ရာ၊အင်တာနက်အသုံးပြုသူရာပေါင်းများစွာ၏ Like များရရှိခဲ့ပါသည်။
Dodley သည်မိမိလက်နှစ်ဖက်ဆန့်တန်းကာလာဘ်ကောင် Shuey Rhon Rhon နှင့်ရိုက်ကူး ထားသည့်ဓါတ်ပုံအားတင်ခဲ့ပြီး၊အပြုံးတွေဝေဆာလျက်ရှိပါသည်။သူမမှ“ထင်မှတ်မထားတဲ့ကြိုဆိုမှုတွေရရှိခဲ့ပါတယ်၊ဆောင်းရာသီမသန်စွမ်းအိုလံပစ်ကျေးရွာနဲ့ပြိုင်ကွင်းတွေမှာပေးတဲ့ဝန်ဆောင်မှုတွေကအရမ်းနွေးထွေးစေပါတယ်”ဟုရေးသားခဲ့ပါသည်။