၁၁ ဆက်မြောက် Panchen Lama မှ ဇန့်လူမျိုး ပေါက်ဖော်များအား နှစ်သစ်ကူး နှုတ်ခွန်းဆက် စကားပြောကြား
၂၀၂၂ခုနှစ် မတ်လ ၃ ရက်နေ့သည် ရှီးဇန့်ပြက္ခဒိန်နှစ်သစ်ဖြစ်သည်။ ၁၁ဆက်မြောက် Panchen Lama QoigyiGyaiboသည် China Media Group မှတစ်ဆင့် ပြည်တွင်း ပြည်ပရှိ ဇန့်လူမျိုး ပေါက်ဖော်များအား ရှီးဇန့်ရိုးရာနှစ်သစ်ကူး နှုတ်ခွန်းဆက်စကားကို ပြောကြားခဲ့သည်။
QoigyiGyaibo က ပြီးခဲ့သည့်တစ်နှစ်က ကျွန်တော်တို့သည် တရုတ်ကွန်မြူနစ်ပါတီ တည်ထောင်သည့်နှစ် ၁၀၀ ပြည့်နှင့် ရှီးဇန့်ငြိမ်းချမ်းစွာလွတ်မြောက်လာသည့်နှစ် ၇၀ ပြည့် ကို အတူဂုဏ်ပြုခဲ့ကြကြောင်း၊ အတိတ်က ရုန်းကန်ခဲ့ရသည့်နှစ်ကာလများကို ပြန်လည် သုံးသပ်ပြီး၊ရဖို့မလွယ်သော ဘဝချမ်းသာမှုကို ပိုမိုမြတ်နိုးကြကြောင်းပြောကြားခဲ့သည်ဟု သတင်းအရသိရသည်။