ကန် နိုင်ငံရေးသမားက ရှင်းကျန်းရေးရာ မုသားစကားများဖြင့် တရုတ်ပြည်ကို သရုပ်ဖျက်ခြင်းဆိုင်ရာ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောကြား
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Blinkenသည် မတ်လ ၁ ရက်နေ့က ရှင်းကျန်းရေးရာ မုသားစကားများဖြင့် တရုတ်ပြည်ကို သရုပ်ဖျက်ခဲ့သည်။ ယင်းနှင့် စပ်လျဉ်း၍ တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝင်ပင်က ယင်းလုပ်ရပ်သည် ရှင်းကျန်းရေးရာ ပြဿနာဖြင့် တရုတ်ပြည် တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးရေးကို ဖျက်ဆီးရန် အမေရိကန်၏ စစ်မှန်သော ကြံစည်ချက်ကို ပေါ်လွင်စေခဲ့ကြောင်း၊ သို့သော် အဖြစ်မှန်များနှင့် ရင်ဆိုင်ရာ၌ မုသားစကားနှင့် ကောလာဟလများသည် မိမိကိုယ်ကို ရှုံးနိမ်သွားစေမည်ဖြစ်ကြောင်း ယခုလ ၂ ရက်နေ့က ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ ထုတ်ဖော် ပြောကြားခဲ့သည်ဟု China Media Group မှ သတင်းအရသိရသည်။