ရှီကျင့်ဖိန်သည် တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့် ပြည်လုံးဆိုင်ရာ ကော်မတီ ဝင်များနှင့် နိုင်ငံ့အရေးကိစ္စ ဆွေးနွေး
၁၃ကြိမ်မြောက် တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့် ပြည်လုံးဆိုင်ရာ ကော်မတီ ပဉ္စမအကြိမ်အစည်းအဝေးကို မတ်လ၄ရက်နေ့တွင် ဖွင့်လှစ်မည်ဖြစ်ပါသည်။ လွန်ခဲ့သည့်၉နှစ်အတွင်းတွင် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး ရှီကျင့်ဖိန်သည် အစည်းအဝေးကျင်းပစဉ်အတောအတွင်း အစည်းအဝေးသို့ တက်ရောက်နေသည့် တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့် ပြည်လုံးဆိုင်ရာ ကော်မတီဝင်များအား သီးသန့်သွားရောက်ကြည့်ရှုပြီး ကော်မတီဝင်များနှင့် နိုင်ငံ့အရေးကိစ္စများကို ဆွေးနွေးခဲ့ပါသည်။ ရှီကျင့်ဖိန်သည် လုပ်ငန်းနယ်ပယ်ပေါင်း ၂၀မှ ကော်မတီဝင်များအား ရှေ့ဆင့် နောက်ဆက် သွားရောက်ကြည့်ရှုပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးမူဝါဒများမှနေ ပြည်သူ့ နေထိုင်မှုဘဝအဖြစ်အပျက်အထိ ကော်မတီဝင်များနှင့် ကူးလူးဖလှယ်မှုမှာ မမေ့နိုင်ဖွယ်ရာ ကောင်းလှပါသည်။