အင်တာနက်အသုံးပြုသူသန်း(၁၀၀၀)ကျော် တရုတ်နိုင်ငံ၏အင်တာနက်မှအားနည်းသူအုပ်စု၏ ဘဝအားပြောင်းလဲပေးနိုင်ခဲ့
မကြာသေးမီက၊တရုတ်နိုင်ငံ၊အင်တာနက်ကွန်ယက်သတင်းအချက်အလက်စင်တာ(CNNIC) မှ (၄၈)ကြိမ်မြောက်၊(တရုတ်နိုင်ငံအင်တာနက်ကွန်ယက်ဖွံ့ဖြိုးတိုးတက်မှုအခြေအနေစာရင်းအစီအရင်ခံစာ)အားထုတ်ပြန်ခဲ့ပါသည်။၂၀၂၁ခုနှစ်၊၆လပိုင်းအထိ၊တရုတ်နိုင်ငံ၊အင်တာနက်အသုံးပြုသူပမာဏ သည်သန်း(၁၀၁၁)ရှိပြီး၊အင်တာနက်ကွန်ယက်အသုံးပြုနှုန်း(၇၁.၆%)ရောက်ရှိခဲ့ပါသည်။အသုံးပြုသူသန်း(၁၀၀၀)အင်တာနက်ကွန်ယက်အားဆက်စပ်ပြီး၊ကမ္ဘာပေါ်တွင်အကြီးဆုံး၊တက်ကြွမှုအရှိဆုံး သောဒီဂျစ်တယ်အသိုင်းအဝိုင်းဖြစ်ပေါ်လာပါသည်။
ဤအင်တာနက်အသုံးပြုသူများထဲတွင်၊ထူးခြားသောအုပ်စုများရှိနေပြီး၊၎င်းတို့သည်မသန်စွမ်း သောသူများဖြစ်ကြပါသည်။အင်တာနက်ကွန်ယက်၏မြန်နှုန်းမြင့်ဖွံ့ဖြိုးတိုးတက်လာမှုက၊အလုပ် အကိုင်ပေါင်းများစွာ၏ကန့်သတ်ထားမှုများကိုကျော်ဖြတ်နိုင်ခဲ့ပြီး၊မသန်စွမ်းသူများတွင်လည်း ရွေးချယ်နိုင်သည့်အလုပ်အကိုင်များပိုမိုများပြားလာပါသည်။မတော်တဆမှုတစ်ခုကြောင့်လက်နှစ် ဖက်ဆုံးရှုံးခဲ့ရသောစွန်းယာ့ဟွေ့သည်၊ယခုဆိုလျှင်အင်တာနက်တွင် Live လွှင့်ပစ္စည်းရောင်းသူတစ် ယောက်အဖြစ်နာမည်ကျော်ကြားကာ၊သူသည်နေ့တိုင်းထမင်းစားသည့်တူဖြင့်စာရိုက်ခြင်း၊ Live လွှင့် ခြင်းများပြုလုပ်ပါသည်။အော်ဒါများသည့်အခါများတွင်၊တစ်နေ့လျှင်အော်ဒါပေါင်းသုံးလေးရာရှိပါ သည်။ Live လွှင့်ခြင်းဖြင့်၊၎င်းသည်တမိသားစုလုံးအားဆင်းရဲနွမ်းပါးမှုမှလွတ်မြောက်စေခဲ့ပါသည်။
အင်တာနက်ကွန်ယက်၏လူသုံးများလာမှုနှင့်ဆန်းသစ်တီထွင်မှုရလဒ်များဖန်တီးနိုင်မှုသည်တရုတ်နိုင်ငံသားတို့၏အလုပ်နှင့်ဘဝများကိုဘက်ပေါင်းစုံမှနက်ရှိုင်းသောပြောင်းလဲမှုများဖြစ်လာစေပါသည်။ အားနည်းသူအုပ်စုအတွက်တော့၊၎င်းတို့သည်နောက်ချန်နေရစ်ခြင်းမခံရခဲ့ပါ။မသန်စွမ်းသူများနည်းတူ၊ သက်ကြီးရွယ်အိုများသည်လည်းအားနည်းသူအုပ်စုများထဲမှအစိတ်အပိုင်းတစ်ခုဖြစ်ပါသည်။တရုတ် နိုင်ငံ၊အမျိုးသားစာရင်းအင်းဌာန(၅)လပိုင်းတွင်ထုတ်ပြန်သည့်(၇)ကြိမ်မြောက်၊တစ်နိုင်ငံလုံးဆိုင်ရာ လူဦးရေး သန်းခေါင်စာရင်းကောင်ယူမှု