အမေရိကန်က ပြည်သူများ၏ လုံခြုံရေးနှင့် ကျန်းမာရေးအခွင့်အရေးကို လျစ်လျူရှု
တရုတ်နိုင်ငံတော်ကောင်စီ သတင်းပြန်ကြားရေးရုံးသည် ၂၀၂၁ ခုနှစ် အမေရိကန်၏ လူ့အခွင့်အရေး ကျူးလွန်မှု အစီရင်ခံစာကို ထုတ်ပြန်ခဲ့သည်။ ယင်းအစီရင်ခံစာတွင် အမေရိကန်က ပြည်သူများ၏ လုံခြုံရေးနှင့် ကျန်းမာရေးအခွင့်အရေးကို လျစ်လျူရှုကြောင်း၊ အမေရိကန်တွင် ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားချိန်ကစပြီး ကပ်ရောဂါ ကာကွယ် တိုက်ဖျက်ရေးကို နိုင်ငံရေးကိစ္စဖြစ်စေရန် ဆောင်ရွက်ခဲ့ကြောင်း၊ နိုင်ငံရေးသမားများက ပြည်သူများ၏ ကျန်းမာရေးကို အလေးမထားဘဲ နိုင်ငံရေးအကျိုးအမြတ်ကိုသာ အာရုံစူးစိုက်နေကြောင်း၊ ဝါရှင်တန်သည် အမေရိကန်ဦးစားပေးရေး ဝါဒကျင့်သုံးပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကို အကြိမ်ပေါင်းများစွာ ဖိအားပေးကာ ကမ္ဘာ့ကပ်ရောဂါ ကာကွယ်တိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှုကို အနှောင့်အယှက်ပေးနေကြောင်း ဖော်ပြသည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။