မြန်မာဘာသာ

ကန်သည် စစ်အင်အားအရေးယူပိတ်ဆို့မှုကို အလွဲသုံးစားပြုပြီး အခြားနိုင်ငံ၏ လူ့အခွင့်အရေးကို ကျူးလွန်ထိပါး

criPublished: 2022-03-02 10:58:43
Share
Share this with Close
Messenger Pinterest LinkedIn

ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် တရုတ်နိုင်ငံတော်ကောင်စီ သတင်းပြန်ကြားရေးရုံးသည် ၂၀၂၁ ခုနှစ် အမေရိကန်၏ လူ့အခွင့်အရေး ကျူးလွန်မှု အစီရင်ခံစာကို ထုတ်ပြန်ရာတွင် အမေရိကန်သည် စစ်အင်အားအရေးယူပိတ်ဆို့မှုကို အလွဲသုံးစားပြုပြီး အခြားနိုင်ငံ၏ လူ့အခွင့်အရေးကို ကျူးလွန်ထိပါးကြောင်းဖော်ပြပါသည်။

ယင်းအစီရင်ခံစာတွင် အမေရိကန်သည် ဗိုလ်ကျစိုးမိုးရေးဝါဒ၊ တစ်ဖက်သတ်ဝါဒနှင့် ဝင်ရောက်စွက်ဖက်ရေးဝါဒတို့ကို စွဲကိုင်ပြီး စစ်အင်အားကို မကြာခဏ အသုံးပြု၍ အရပ်သား အများအပြား သေကျေဒဏ်ရာရရှိစေကြောင်း၊ တစ်ဖက်သတ် အရေးယူပိတ်ဆို့မှုကို အလွဲသုံးစားပြု၍ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းများကို ဖြစ်ပေါ်စေကြောင်း၊ အခြားနိုင်ငံ၏ လူ့အခွင့်အရေးကို အရမ်းကာရော ကျူးလွန်၍ နိုင်ငံတကာ လူ့အခွင့်အရေးလုပ်ငန်း ပုံမှန်တိုးတက်ရေး၏ အကြီးမားဆုံး တားဆီးသူနှင့် တိုက်ဖျက်သူဖြစ်ကြောင်း ဖေါ်ပြထားပါသည်။

Share this story on

Messenger Pinterest LinkedIn