အခြေအနေကို လျော့ပါးစေနိုင်ပြီး နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် ကြိုးပမ်းမှုမှန်သမျှကို ထောက်ခံသည်ဟု တရုတ်ဆို
ဖေဖေါ်ဝါရီလ၂၈ရက်နေ့က တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝင်ပင်က ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ရုရှားသမ္မတပူတင်က ဗျူဟာမြောက် စစ်အင်အားကို အထူး စစ်ဆင်ရန် အဆင်သင့် အခြေအနေအဖြစ် ပြောင်းလဲရန် အမိန့်ချခဲ့ခြင်းနှင့် ပတ်သက်၍ မီဒီယာများ၏ မေးမြန်းချက်များကို ဖြေကြားရာတွင် တရုတ်ပြည်ဘက်သည် ယူကရိန်းအခြေအနေပြောင်းလဲမှုကို အလွန် အာရုံစိုက်ပြီး အခြေအနေကို လျော့ပါးစေနိုင်ပြီး နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် ကြိုးပမ်းဆောင်ရွက်မှုမှန်သမျှကို ထောက်ခံကြောင်း၊ သက်ဆိုင်ရာ ဘက်အသီးသီးတို့သည် ထိန်းထိန်းသိမ်းသိမ်းထားပြီး အခြေအနေ ပိုမိုဆိုးရွား လာစေခြင်းမှ ရှောင်ကြဉ်သင့်ကြောင်း ပြောကြားခဲ့သည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။