မြန်မာဘာသာ

ဘီလာရုစ် ပြည်သူများက ကိုယ့်နိုင်ငံ၏ အခြေအနေနှင့် ကိုက်ညီသော ဖွံ့ဖြိုးရေး လမ်းကြောင်း ရွေးချယ်ခြင်းကို လေးစားပြီး ပြတ်ပြတ်သားသား ထောက်ခံသည်ဟု တရုတ် ဆို

criPublished: 2022-03-01 11:18:50
Share
Share this with Close
Messenger Pinterest LinkedIn

ဖေဖော်ဝါရီလ ၂၇ ရက်နေ့တွင် ဘီလာရုစ်နိုင်ငံသည် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး မဲပေးပွဲကို ကျင်းပခဲ့ပြီး ပဏာမ စာရင်းအရ မဲပေးပြည်သူများ ၆၅့ ၁၆ ရာခိုင်နှုန်းသည် ဥပဒေ ပြင်ဆင်ရေးမူကြမ်းကို ထောက်ခံသည်ဟု သတင်းရရှိပါသည်။ ယင်းနှင့် ပတ်သက်ပြီး ဖေဖေါ်ဝါရီလ ၂၈ ရက်နေ့က ကျင်းပသော ပုံမှန် သတင်းစာ ရှင်းလင်းပွဲတွင် တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝင်ပင်က၊ တရုတ်နှင့် ဘီလာရုစ်တို့သည် ဘက်စုံ မဟာဗျူဟာ မိတ်ဖက် ဖြစ်ပြီး ဘီလာရုစ် ပြည်သူများက ကိုယ့်နိုင်ငံ၏ အခြေအနေနှင့် ကိုက်ညီသော ဖွံ့ဖြိုးရေး လမ်းကြောင်း ရွေးချယ်ခြင်းကို တရုတ်နိုင်ငံက လေးစားပြီး ပြတ်ပြတ်သားသား ထောက်ခံကြောင်း ပြောကြားခဲ့ပါသည်။

Share this story on

Messenger Pinterest LinkedIn