တရုတ်နိုင်ငံတော်ကောင်စီ သတင်းပြန်ကြားရေးရုံးသည် ၂၀၂၁ ခုနှစ် အမေရိကန်၏ လူ့အခွင့်အရေး ကျူးလွန်မှု အစီရင်ခံစာ ထုတ်ပြန်
ဖေဖေါ်ဝါရီလ ၂၈ ရက်နေ့က တရုတ်နိုင်ငံတော်ကောင်စီ သတင်းပြန်ကြားရေးရုံးသည် ၂၀၂၁ ခုနှစ် အမေရိကန်၏ လူ့အခွင့်အရေး ကျူးလွန်မှု အစီရင်ခံစာကို ထုတ်ပြန်ခဲ့ပါသည်။
ယင်းအစီရင်ခံစာသည် အပိုင်း ၆ ပိုင်း ရှိပြီး၊ ကူးစက်ရောဂါ ထိန်းချုပ်ကာကွယ်မှုကို ကြိုးကိုင်လုပ်ဆောင်ပြီး နစ်နာဆုံးရှုံးမှုကြီး ဖြစ်စေခဲ့ခြင်း၊ အကြမ်းဖက် အယူအဆကို စွဲကိုင်ပြီး အသက်လုံခြုံမှုအပေါ် အန္တရာယ် ဖြစ်စေခဲ့ခြင်း၊ ဒီမိုကရေစီအတုကို ပြုလုပ်ပြီး နိုင်ငံရေးဆိုင်ရာ အခွင့်အရေးကို နင်းချေခဲ့ခြင်း၊ လူမျိုးချင်း ခွဲခြား အထင်သေးမှု ဝါဒကို လက်လွှတ်စပယ် ပြုလုပ်ပြီး လူမှုရေး မတရားမှုကို ပြင်းထန်ဆိုးဝါးလာစေခဲ့ခြင်း၊ လူသားချင်း စာနာထောက်ထားရေးကို ကျောခိုင်းဖောက်ဖျက်ပြီး ရွှေ့ပြောင်းနေထိုင်သူများဆိုင်ရာ အကျပ်အတည်းကို ဖန်တီးခဲ့ခြင်း၊ လက်နက်အင်အားကို အလွဲသုံးစားပြီး အခြားနိုင်ငံများ၏ လူ့အခွင့်အရေးကို ကျူးလွန်ခဲ့ခြင်း စသဖြင့် ပါဝင်ထားပါသည်။
အစီရင်ခံစာတွင် ၂၀၂၁ ခုနှစ်တွင် အမေရိကန်၏ လူ့အခွင့်အရေး အခြေအနေသည် ပိုမို ဆိုးဝါးလာကြောင်း၊ နိုင်ငံရေး ကြိုးကိုင်လုပ်ဆောင်မှုကြောင့် ကိုဗစ်-၁၉ ကူးစက်ရောဂါဖြင့် သေဆုံးသူဦးရေသည် တရှိန်ထိုး တိုးများလာခဲ့ကြောင်း၊ သေနတ်ပစ်ခတ်မှုများတွင် သေဆုံးသူ ဦးရေသည် သမိုင်းတွင် အများဆုံး ဖြစ်လာကာ ၂၀၂၀ ပြည့်နှစ်ကထက် ၁၀့ ၁ ရာခိုင်နှုန်း တိုးလာကြောင်း၊ ဒီမိုကရေစီအတုကို ပြုလုပ်ပြီး နိုင်ငံရေးဆိုင်ရာ အခွင့်အရေးကို နင်းချေကာ အမေရိကန် ပြည်နယ် ၄၉ ပြည်နယ်တွင် ပြည်သူများ၏ မဲပေးမှုကို ကန့်သတ်သည့် ဥပဒေကြမ်း ၄၂၀ ကျော်ကို တင်ပြခဲ့ကြောင်း၊ အမေရိကန်၏ တစ်ဖက်သတ်ဝါဒသည် တစ်ကမ္ဘာလုံးတွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဘေးအန္တရာယ်သစ်များကို ဖြစ်စေခဲ့ကြောင်း စသဖြင့် ရေးသားဖေါ်ပြထားသည်ဟု China Media Group မှ သတင်းအရ သိရပါသည်။