ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး တရားမျှတစွာမျှဝေခြင်းအတွက် တရုတ်ပြည်သည် အကြီးမားဆုံးသော အကျိုးပြုစွမ်းဆောင်သူဖြစ်သည်ဟု ဝမ်ယိဆို
ဖေဖော်ဝါရီလ ၂၅ ရက်နေ့က တရုတ်နိုင်ငံတော်ကောင်စီဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ သည် ဗီဒီယိုအသွင်ပုံစံဖြင့် ကုလသမဂ္ဂအထွေထွေညီလာခံ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆိုင်ရာ အဆင့်မြင့် အစည်းအဝေးသို့ တက်ရောက်ခဲ့ပါသည်။
တရုတ်ပြည်သည် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး တရားမျှတစွာမျှဝေခြင်းအတွက် အကြီးမားဆုံးသော အကျိုးပြုစွမ်းဆောင်သူဖြစ်ပါသည်။ တစ်က္ဘာလုံးတွင်သုံးစွဲနေသည့် ကာကွယ်ဆေး နှစ်ခုထဲမှ တစ်ခုက တရုတ်ပြည်က ထုတ်လုပ်ခြင်းဖြစ်ပြီး တရုတ်ပြည်က နိုင်ငံပေါင်း ၁၂၀ ကျော်အတွက် ကိုဗစ်-၁၉ ကာကွယ်ဆေး ၂့၁ဘီလီယံကို ဖြန့်ဖြူး မျှဝေ ပေးခဲ့ပါသည်။ တရုတ်ပြည်သည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးပူးပေါင်းထုတ်လုပ်မှု အတွက် ခိုင်မာသော ပါဝင်ဆောင်ရွက်သူဖြစ်ပါသည်။
ဝမ်ယိက တရုတ်ပြည်အနေနှင့် ဘက်အသီးသီးတို့နှင့်အတူ ကာကွယ်ဆေး ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို အားဖြည့်ပြုလုပ်ပြီး ကိုဗစ်-၁၉ ရောဂါ တိုက်ဖျက်ရေး အောင်ပွဲကို အမြန်ဆုံး ရရှိနိုင်ရန်အတွက် အကျိုးပြုစွမ်းဆောင်မည်ဖြစ်ကြောင်း ဖော်ပြပါသည်။