မြန်မာဘာသာ

အမေရိကန်က ထိုင်ဝမ်အား လက်နက်ရောင်းချခြင်းကို တန်ပြန်ရာတွင် တရုတ်နိုင်ငံက ပြောတဲ့အတိုင်း လုပ်မည်

criPublished: 2022-02-25 14:32:43
Share
Share this with Close
Messenger Pinterest LinkedIn

မကြာသေးမီက အမေရိကန်ရဲ့ တရုတ်နိုင်ငံ ထိုင်ဝမ်ဒေသကို လက်နက် ရောင်းချခြင်း ကြေညာချက်ကို တုံ့ပြန်တဲ့အနေနဲ့ တရုတ်နိုင်ငံက ထိုင်ဝမ်ဒေသကို လက်နက်ရောင်းချမှုမှာ ကာလရှည်ကြာ ပါဝင်ပတ်သက်နေတဲ့ အမေရိကန် စစ်စက်မှု လုပ်ငန်းကုမ္ပဏီနှစ်ခုကို တန်ပြန်အရေးယူဖို့ မကြာသေးမီက ဆုံးဖြတ်လိုက်ပါတယ်။

ဒီနှစ်ဟာ အမေရိကန်သမ္မတ Nixon ရဲ့တရုတ်နိုင်ငံသို့ လာရောက်လည်ပတ်တဲ့ နှစ် ၅၀ ပြည့်နှစ်ဖြစ်ပါတယ်။ ၁၉၇၂ ခုနှစ် ဖေဖော်ဝါရီလမှာ တရုတ်နဲ့ အမေရိကန်တို့က "ရှန်ဟိုင်း ပြန်တမ်း" ကို ထုတ်ပြန်ခဲ့ပြီး တရုတ်ပြည်တစ်ပြည်တည်းသာရှိရေးမူကို အသိအမှတ်ပြုကာ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူကြီး ၅ ရပ်နဲ့အတူ တရုတ်-အမေရိကန်ဆက်ဆံမှု ပုံမှန်ဖြစ်စေရေးနဲ့ နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး တရားဝင်ထားရှိတဲ့ အခြေခံ ဖြစ်သွားပါတယ်။ ၁၉၈၂ ခုနှစ်က တရုတ်နဲ့ အမေရိကန်တို့ ထုတ်ပြန်ခဲ့တဲ့ သြဂုတ် ၁၇ ကြေညာချက်မှာ အမေရိကန်က ထိုင်ဝမ်ဒေသအား ၎င်းရဲ့ လက်နက်ရောင်းချမှုကို ဖြည်းဖြည်းချင်း လျှော့ချသွားပြီး အချိန်အတိုင်းအတာတစ်ခုကြာပြီးနောက် နောက်ဆုံး ဖြေရှင်းမယ်လို့ အမေရိကန်က ပြောကြားခဲ့ပါတယ်။

အမေရိကန်နဲ့ ၎င်းရဲ့ စစ်ဘက်ဆိုင်ရာ လုပ်ငန်းကုမ္ပဏီများက တရုတ်ပြည် တစ်ပြည်တည်းသာရှိရေးမူကို လိုက်နာပြီး ထိုင်ဝမ်ကို လက်နက်ရောင်းချမှုနဲ့ အမေရိကန်နဲ့ ထိုင်ဝမ်အကြား စစ်ရေး ဆက်ဆံမှုအား ရပ်တန့်ရမှာဖြစ်ပါတယ်။ တကယ်လို့ ဆက်လက်ပြီး “မီးနဲ့ကစားမယ်” ဆိုရင် တရုတ်နိုင်ငံက မိမိရဲ့ကိုယ်ပိုင်အချုပ်အခြာအာဏာနဲ့ လုံခြုံရေး အကျိုးစီးပွားများကို ကာကွယ်ရန် လိုအပ်တဲ့အစီအမံအားလုံးကို ဆက်လက် ဆောင်ရွက် သွားမှာဖြစ်ပါတယ်။

Share this story on

Messenger Pinterest LinkedIn