မြန်မာဘာသာ

ရုရှား၏တရားနည်းလမ်းကျသော လုံခြုံရေးဆိုင်ရာအာရုံစိုက်မှုကို လေးစားပြီး ကိုင်တွယ်ဖြေရှင်းသင့်သည် ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ဆို

criPublished: 2022-02-24 13:05:41
Share
Share this with Close
Messenger Pinterest LinkedIn

ရုရှားနိုင်ငံမှ ယူကရိန်းနိုင်ငံအပေါ် ဆောင်ရွက်မှုပြုလုပ်ခြင်းမှာ ကျူးကျော်မှု၏ အစ ဖြစ်သည်ဟု အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် ၏ ပြောဆိုချက်နှင့်ပတ်သက်၍ တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဟွာချွင်ယဉ် က နိုင်ငံအသီးသီးတို့၏ လုံခြုံရေးမှာ တူညီပြီး ပူးပေါင်းဆောင်ရွက်ကာ ဆက်တိုက်ဖြစ်သင့်သည်ဟု တရုတ်နိုင်ငံက တစိုက်မတ်မတ် ယူဆကြောင်း၊ မည်သည့်နိုင်ငံနှင့်အုပ်စုမဆို လုံခြုံရေးဆိုင်ရာအကျိုးစီးပွား လွန်ကဲစွာ ရှာကြံရန် မလုပ်သင့်ကြောင်း၊ ရုရှားနိုင်ငံ၏ တရားနည်းလမ်းကျသော လုံခြုံရေးဆိုင်ရာ အာရုံစိုက်မှုကို လေးစားပြီး ကိုင်တွယ်ဖြေရှင်းသင့်ကြောင်း ဖေဖော်ဝါရီလ ၂၃ရက်နေ့က ပြောကြားခဲ့ပါသည်။

ဖေဖော်ဝါရီလ ၂၃ ရက်နေ့က ကျင်းပသော တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ပြောရေးဆိုခွင့်ရှိသူ ဟွာချွင်ယဉ် သည် မေးမြန်းချက်ကို ဖြေကြားရာ၌ ယူကရိန်းအာဏာပိုင်တို့သည် နေတိုးအဖွဲ့တွင် ပါဝင်ရန် ငြင်းပယ်ပြီး ကြားနေ ထိန်းသိမ်းထားလျှင် ပြဿနာကို ကိုင်တွယ်ဖြေရှင်းရန် အကောင်းဆုံးသော နည်းလမ်းဖြစ်သည်ဟု ရုရှားသမ္မတ ပူတင်က ပြောကြားခဲ့ကြောင်း၊ ယူကရိန်းနှင့် အမေရိကန် သက်ဆိုင်ရာ ဘက်အသီးသီးတို့မှ စစ်ပွဲဆင်နွှဲရန် ဆန္ဒမရှိပါဟု ပြောကြားခဲ့ကြကြောင်း၊ ယင်းသည် ယူကရိန်း ပြဿနာကို ငြိမ်းချမ်းစွာ ကိုင်တွယ်ဖြေရှင်းရန် မျှော်လင့်ချက်ရှိသေးသည်ဟု ပြဆိုကြောင်း၊ တာဝန်မကင်း သူသည် တာဝန်ငြိမ်းအောင် ဆောင်ရွက်ရကြောင်း၊ သက်ဆိုင်ရာဘက်အသီးသီးတို့အား ထိန်းထိန်းသိမ်းသိမ်းဖြင့် ဆွေးနွေးပွဲကျင်းပခြင်းတံခါးကို မပိတ်ဘဲ ဆွေးနွေးပွဲ ကျင်းပခြင်းဖြင့် တင်းမာသောအခြေအနေကို လျော့ပါးစေပြီး သဘောကွဲလွဲမှုများကို ကိုင်တွယ်ဖြေရှင်းကာ ငြိမ်းချမ်းရေးကို အတူတကွ ကာကွယ်ထိန်းသိမ်းရန် မျှော်လင့်ကြောင်း ပြောကြားခဲ့ပါသည်။

Share this story on

Messenger Pinterest LinkedIn