မြန်မာဘာသာ

အရေးယူမှုမှာ ပြဿနာကို ကိုင်တွယ်ဖြေရှင်းရန် ထိရောက်သောနည်းလမ်း မဟုတ်ပါဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ဆို

criPublished: 2022-02-24 13:04:53
Share
Share this with Close
Messenger Pinterest LinkedIn

မကြာမီက နိုင်ငံနှင့် အဖွဲ့အစည်းအချို့မှ ရုရှားနိုင်ငံအား အသစ်တစ်ကြိမ် အရေးယူမှုပြုလုပ်ခဲ့ခြင်းနှင့်ပတ်သက်၍ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိ သူ ဟွာချွင်ယဉ် က တရုတ်အစိုးရ၏ ရပ်တည်ချက်သည် အရေးယူမှုမှာ ဘယ်တုန်းကမှ ပြဿနာကို ကိုင်တွယ်ဖြေရှင်းရန် ထိရောက်သောနည်းလမ်း မဟုတ်ကြောင်း၊ တရုတ်နိုင်ငံသည် တရားမဝင်သော တစ်ဖက်သတ် အရေးယူမှုကို တစိုက်မတ်မတ် ကန့်ကွက်ကြောင်း ဖေဖော်ဝါရီလ ၂၃ ရက်နေ့က ပြောကြားခဲ့ပါသည်။

ပြောရေးဆိုခွင့်ရှိသူ ဟွာချွင်ယဉ် က သက်ဆိုင်ရာဘက်အသီးသီးတို့အား သေချာ စဉ်းစားပြီး ဆွေးနွေးတိုင်ပင်ခြင်းဖြင့် ပြဿနာကို ကိုင်တွယ်ဖြေရှင်းရန် မျှော်လင့်ကြောင်း၊ အမေရိကန်နိုင်ငံ စသည့်နိုင်ငံများ၏ တစ်ဖက်သတ် တရားမဝင် အရေးယူမှုကြောင့် သက်ဆိုင်ရာနိုင်ငံ၏ စီးပွားရေးနှင့် ပြည်သူ့နေထိုင်မှုဘဝကို ပြင်းထန်စွာ ထိခိုက်ခဲ့ကြောင်း၊ အမေရိကန်နိုင်ငံအနေဖြင့် ယူကရိန်း ပြဿနာ၊ ရုရှားနိုင်ငံနှင့်ဆက်ဆံမှုကို ကိုင်တွယ်ဖြေရှင်းရာတွင် တရုတ်နိုင်ငံနှင့် အခြားဘက်အသီးသီးတို့၏ တရားဝင်အခွင့်အရေးများကို မထိခိုက်ရကြောင်း ပြောကြားခဲ့ပါသည်။

Share this story on

Messenger Pinterest LinkedIn