မြန်မာဘာသာ

ဗြိတိန်ဘုရင်မကြီး Elizabeth II ထံသို့ နှစ်သိမ့်ကြောင်းသဝဏ်လွှာကို ရှီကျင့်ဖိန်ပေးပို့

criPublished: 2022-02-23 18:00:44
Share
Share this with Close
Messenger Pinterest LinkedIn

ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင် တရုတ်နိုင်ငံတော်ဥက္ကဋ္ဌရှီကျင့်ဖိန်က ဗြိတိန်နိုင်ငံ ဘုရင်မကြီး Elizabeth II ကိုဗစ်-၁၉ ဗိုင်းရပ်စ် ကူးစက်ခံရခြင်းအပေါ် ၄င်းထံသို့ နှစ်သိမ့်ကြောင်းသဝဏ်လွှာကို ပေးပို့ခဲ့ပြီး ဘုရင်မကြီး Elizabeth II အမြန်ဆုံး ပြန်လည် သက်သာလာရန် မျှော်လင့်ကြောင်း ဖော်ပြခဲ့သည်ဟု China Media Group မှ သတင်းအရ သိရပါသည်။

ဥက္ကဋ္ဌရှီကျင့်ဖိန်က မိမိအနေနှင့် တရုတ်-ဗြိတိန်ဆက်ဆံမှုဖွံ့ဖြိုးတိုးတက်ရေးကို လွန်စွာ အလေးထားကြောင်း၊ ယခုနှစ်သည် နှစ်နိုင်ငံအကြား သံအမတ်ကြီးအဆင့် သံတမန် ဆက်ဆံမှု ထားရှိခဲ့သည့် နှစ် ၅၀ ပြည့်မြောက်နှစ်ဖြစ်သည့်အတွက် အခွင့်ကောင်းကို လက်မလွှတ်ဘဲ နှစ်နိုင်ငံဆက်ဆံမှုတွင် တိုးတက်မှုသစ်ရရှိရန် ဗြိတိန်နှင့်အတူ လက်တွဲ ကြိုးပမ်းဆောင်ရွက်သွားလိုကြောင်း ဖော်ပြပါသည်။

Share this story on

Messenger Pinterest LinkedIn