မြန်မာဘာသာ

ပန်ဒါလည်းတရုတ်ဆန့်ကျင်ရေးပစ္စည်းဖြစ်သွားတာ အမေရိကန်နိုင်ငံရေးသမားတွေရဲ့ယုတ္တိဗေဒကတကယ်ရယ်စရာပဲ

criPublished: 2022-02-23 18:09:30
Share
Share this with Close
Messenger Pinterest LinkedIn

ချစ်စရာကောင်းတဲ့ပန်ဒါတွေဆိုတာ၊နဂိုကငြိမ်းချမ်းရေးရဲ့သင်္ကေတတွေပါ၊အခုတော့အမေရိကန်နိုင်ငံကတချို့သူတွေသူတို့ကိုတောင်အလွတ်မပေးကြတော့ဘူး။မကြာမီက၊အမေရိကန်မီဒီယာကတင်ပြတဲ့သတင်းတစ်ခုမှာ၊ Republican အမတ် Nancy Mace ကထုတ်ဖော်ပြောကြားလာတဲ့ လူတွေကို အံ့ဩသွားစေတဲ့အထူးအဆန်းအစီအစဉ်တစ်ခုကတော့ပန်ဒါတွေကိုပစ်မှတ်ထားပြီး၊တရုတ်-အမေရိကန်နှစ်နိုင်ငံကြားသဘောတူညီချက်ကိုဆန့်ကျင့်ကာ၊အမေရိကန်နိုင်ငံမှာမွေးဖွားတဲ့ပန်ဒါ အကောင်ပေါက်လေးတွေကိုတရုတ်နိုင်ငံကိုပြန်မရောက်စေဖို့တားမြစ်ရမယ်လို့ဖြစ်ပါတယ်။လက်ရှိ၊သူမက“ပန်ဒါသဘောတူညီချက်”ကိုတရုတ်နိုင်ငံအားဆန့်ကျင်ရန်ဆောင်ရွက်နေတဲ့“တစ်နှစ်တာ အမေရိကန်နိုင်ငံပြိုင်ဆိုင်မှုအက်ဥပေဒ”အတွင်းကိုထည့်သွင်းနိုင်ဖို့ကြိုးစားနေပါတယ်။ Nancy Mace က၊တရုတ်နိုင်ငံကိုသတင်းတစ်ခုပေးပို့ဖို့လိုပါတယ်လို့ပြောပါတယ်။အဲဒါကတော့၊ ပန်ဒါဆိုတာ“မှန်ဘောင်ထဲကပြသမှု”အဖြစ်အသုံးချဖို့မသင့်ပါဘူးတဲ့။

ပန်ဒါတွေရဲ့ငှားရမ်းမှုပြဿနာမှာ၊တရုတ်-အမေရိကန်တို့အကြားအင်မတန်တိကျစေ့စပ်တဲ့ သဘောတူစာချုပ်ရှိနေပြီး၊ဒါကိုအမေရိကန်တို့ဘက်ကတဖက်သတ်အက်ဥပဒေထုတ်လိုက်ရုံနဲ့ ပြင်ဆင်လို့ရတာမဟုတ်ပါဘူး။ဝါရှင်တန်က“ပဋိညာဉ်စိတ်ဓါတ်”ကိုအမြဲစံပြအဖြစ်ထားပြီး၊ တရုတ်နိုင်ငံကိုတော့“စည်းမျဉ်းစည်းကမ်းများအားဖောက်ဖျက်သူ”ဆိုပြီးလွှဲချတတ်ပါတယ်။ Nancy Mace ကပန်ဒါတွေကိုထိန်းသိမ်းထားလိုက်မယ်လို့ပြောနေခြင်းက၊ဒီလိုဓါးပြတိုက်တဲ့သဘောမျိုးကို နောက်ထပ်တစ်ကြိမ်ထပ်မံသက်သေပြနေပြီး၊သူတို့တွေပြောနေတဲ့“ပဋိညာဉ်စိတ်ဓါတ်”ဆိုတာဘယ်လိုအရာမျိုးပါလဲ။

Nancy Mace ရဲ့ပန်ဒါတွေကိုထိန်းသိမ်းမယ်ဆိုတဲ့အကြောင်းပြချက်ကအင်မတန်ရယ်စရာ ကောင်းပါတယ်။(နယူးယောက်တိုင်းစ်)ကလည်း၊အမေရိကန်နိုင်ငံရေးသမားတစ်ချို့ရဲ့“ရင်တွင်း စကားများ”တွေကိုကိုယ်စားပြုနေပါတယ်။ထိုသတင်းစာက၊တရုတ်နိုင်ငံက“ပန်ဒါသံတမန်ရေး”ကို အသုံးချပြီးမိမိရဲ့ပုံရိပ်ကိုနူးညံ့လာအောင်လုပ်နေပြီး၊နိုင်ငံတကာအသိုင်းအဝိုင်းကတရုတ်နိုင်ငံရဲ့ “လူ့အခွင့်အရေးချိုးဖောက်မှု”လုပ်ရပ်တွေအပေါ်သတိပြုမှုတွေကိုအာရုံပြောင်းလာအောင်လုပ်နေပါတယ်လို့တင်ပြထားပါတယ်။ဒါကလည်း၊တရုတ်ဆန့်ကျင့်ရေးနိုင်ငံရေးသမားတွေနဲ့မီဒီယာတွေရဲ့ မှောင်မိုက်တဲ့စိတ်နေသဘောထားနဲ့အမေရိကန်နိုင်ငံတရုတ်ဆန့်ကျင့်ရေးမူဝါဒနောက်ကွယ်က ရယ်စရာကောင်းတဲ့ယုတ္တိဗေဒတွေကိုပေါ်လွင်နေစေပါတယ်။

12全文 2 下一页

Share this story on

Messenger Pinterest LinkedIn