မြန်မာဘာသာ

ရှင်းကျန်းနှင့် ပတ်သက်၍ အမေရိကန် နိုင်ငံရေး သမား၏ မုသားစကားကို တရုတ် ပြန်ချေပ

criPublished: 2022-01-15 12:06:08
Share
Share this with Close
Messenger Pinterest LinkedIn

ရှင်းကျန်းနှင့် ပတ်သက်၍ အမေရိကန် နိုင်ငံရေး သမား အချို့မှ မုသားစကားများ အဆက်မပြတ် ကြံစည်ပြုလုပ်ခြင်း လုပ်ရပ်ကို ရည်ရွယ်ပြီး တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဝမ်းဝန်ပင်သည် ယခုလ ၁၄ရက်နေ့က ကျင်းပခဲ့သော ပုံမှန် သတင်းစာ ရှင်းလင်းပွဲတွင် ဘက်စုံ ဖွင့်ချ ဖော်ထုတ်ပြီး ပြန်ချေပခဲ့ကြောင်း၊ ၄င်းက တရုတ်ပြည် ဆန့်ကျင်ရေး အင်အားစုများ၏ တရုတ်ပြည်ကို အကြံကုန်ဥာဏ်ကုန် သရုပ်ဖျက်ခြင်းနှင့် ဖိနှိပ်ခြင်းသည် ယခင်က မထမြောက်အောင်မြင်ခဲ့ကြောင်း၊ လက်ရှိအချိန်နှင့် အနာဂတ်တွင် ထမြောက်အောင်မြင်မည် မဟုတ်ကြောင်းလည်း ပြောကြားသည်။

မကြာခင်က အမေရိကန် အရာရှိက “အတင်းအဓ္ဓမ အလုပ်လုပ်ခိုင်းခြင်း”ပြဿနာ ဖြေရှင်းရေးသည် ယခုအကြိမ် အမေရိကန် အစိုးရ၏ ဦးစားပေး လုပ်ငန်း ဖြစ်ကြောင်း၊ နိုင်ငံတကာ အသိုင်းအဝိုင်းသည် ရှင်းကျန်းတွင် ဖြစ်ပွားနေသော “လူမျိုးတုံး သတ်ဖြတ်မှု”နှင့် “လူသားမျိုးနွယ်အပေါ် ဆန့်ကျင်မှု” ဆိုသည်ကို အာရုံစူးစိုက်နေကြကြောင်း ဖော်ပြသည်ဟု သိရသည်။

Share this story on

Messenger Pinterest LinkedIn