မြန်မာဘာသာ

လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှု “ခရီးသွားလာရေး သုတေသနစင်တာ တည်ဆောက်မှု” စီမံကိန်းစတင်ခြင်းအခမ်းအနားကို ကျင်းပ

criPublished: 2022-02-28 09:40:31
Share
Share this with Close
Messenger Pinterest LinkedIn

မြန်မာဘက်က တရုတ်နိုင်ငံသည် လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေဖြင့် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်မှုအား ထောက်ခံအားပေးမှုကို ကျေးဇူးတင်ရှိကြောင်း၊ လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှုသည် ဒေသတွင်းနိုင်ငံနှင့်ပြည်သူများကို လက်တွေ့ကျ အကျိုးဖြစ်ထွန်းစေကြောင်း၊ လေ့ကျင့်ရေးစင်တာတည်ဆောက်မှုသည် မြန်မာနိုင်ငံခရီးသွားလုပ်ငန်း သက်ဆိုင်ရာဘက်အသီးသီးကို အကျိုးပြုမည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံပညာရှင်များ ပါဝင်မှုသည်လည်း မြန်မာနိုင်ငံခရီးသွားလာရေး သုတေသနလုပ်ငန်း အဆင့်အတန်း မြှင့်တင်မှုအတွက်လည်း အရေးပါသည့်အခန်းကဏ္ဍမှပါ ဝင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

“ခရီးသွားလာရေးသုတေသနစင်တာတည်ဆောက်ခြင်း” စီမံကိန်းကာလသည် တစ်နှစ်ဖြစ်ပြီး သုတေသနစင်တာနှင့် သုတေသနအဖွဲ့ ဖွဲ့စည်းတည်ဆောက်ကာ မြန်မာနိုင်ငံထံ ခရီးသွားလုပ်ငန်း သက်ဆိုင်ရာအသိပညာဗဟုသုတ၊ ဆော့ဖ်ဝဲလ်နှင့် လေ့ကျင့်မှု ထောက်ပံ့သွားမည်ဖြစ်သည်။ ယူနန်ဘဏ္ဍာရေးတက္ကသိုလ် ခရီးသွားလာမှုစီမံခန့်ခွဲမှုပညာရှင် ပါရဂူ Ms. Zhang Min က ပြည်ပအတိုင်ပင်ခံပညာရှင်အနေဖြင့် စီမံကိန်းတွင်ပါဝင်မည်ဖြစ်သည်။

首页上一页12 2

Share this story on

Messenger Pinterest LinkedIn