မြန်မာဘာသာ

ပီကင်းဆောင်းရာသီအိုလံပစ် အားကစားပြိုင်ပွဲကို အစွမ်းကုန် ထောက်ခံကြောင်း လာအိုနိုင်ငံ အိုလံပစ် ကော်မတီဥက္ကဋ္ဌ ဆို

criPublished: 2022-01-14 13:39:58
Share
Share this with Close
Messenger Pinterest LinkedIn

ဇန်နဝါရ်ီလ ၁၃ ရက်နေ့တွင် လာအိုနိုင်ငံ အိုလံပစ်ကော်မတီဥက္ကဋ္ဌ ရှန်တန် လာချန်တာဘူက China Media Group မှ သတင်းထောက်၏ အင်တာဗျူးကို လက်ခံဖြေကြားရာတွင် လာအိုနိုင်ငံအနေနှင့် ပီကင်းဆောင်းရာသီအိုလံပစ် အားကစား ပြိုင်ပွဲကို အစွမ်းကုန် ထောက်ခံပြီး အားကစားကို နိုင်ငံရေးကိစ္စအဖြစ် လုပ်ခြင်းကို ပြတ်ပြတ်သားသား ကန့်ကွက်ကြောင်း ပြောဆိုခဲ့ပါသည်။

ရှန်တန် လာချန်တာဘူက တရုတ်နိုင်ငံ အိုလံပစ် ကော်မတီ၏ ပီကင်းဆောင်းရာသီ အိုလံပစ်အားကစားပြိုင်ပွဲအတွက် ပြင်ဆင်မှု လုပ်ငန်းများကို ချီးကျူးပြီး ယခုအကြိမ် ဆောင်းရာသီအိုလံပစ်အားကစားပြိုင်ပွဲသည် သမိုင်းဝင် ကမ္ဘာ့ပွဲကြီးတစ်ခု ဖြစ်လာ နိုင်မည်ဟု ယုံကြည်ပါကြောင်း ဖေါ်ပြသည်ဟု China Media Group မှ သတင်းအရ သိရပါသည်။

Share this story on

Messenger Pinterest LinkedIn