မြန်မာဘာသာ

တရုတ်နိုင်ငံမှ ကိုဗစ်ကာကွယ်ဆေးအလုံး ၇၄၆၈၀၀ အား မြန်မာနိုင်ငံသို့ စတင်ပို့ဆောင်၊ ၁၂ ရက်နေ့တွင် မြန်မာဘက်အား ပေးအပ်မည်

criPublished: 2022-01-12 12:52:38
Share
Share this with Close
Messenger Pinterest LinkedIn

ဇန်နဝါရီလ ၁၁ ရက်နေ့က တရုတ်အစိုးရမှ မြန်မာနိုင်ငံအား ကူညီထောက်ပံ့သော ကိုဗစ်ကာကွယ်ဆေးကို အထူးကားဖြင့် ကူမင်းမြို့မှ စတင် ပို့ဆောင် ခဲ့ကြောင်း၊ ၁၂ ရက်နေ့တွင် ဆစ်ဆောင်ပနား၊ တယ်ဟုန်၊ လင်ဆန်၊ ဘော်ဆန်းနှင့် ပုအေစသော မြို့နှင့်ဒေသ ၅ ခုမှ အစိုးရများသည် တာလို့၊ ရွှေလီ၊ ရင်းကျန်း၊ ကျန်းဖုန်၊ နန်းဆောင်း၊ ဟိုချော်နှင့်မုန်လျန်စသော နယ်စပ်ဂိတ်မှတစ်ဆင့် အဆိုပါ ကာကွယ်ဆေးကို မြန်မာနိုင်ငံအား ပေးအပ်မည်ဖြစ်ကြောင်း China Media Group မှ သတင်းအရ သိရပါသည်။

ယခုအကြိမ် ကာကွယ်ဆေးသည် စုစုပေါင်းအလုံး ၇သိန်း ၄သောင်း ၆ထောင် ၈ရာ ဖြစ်ပြီး ဇန်နဝါရီလ ၁၀ ရက်နေ့က ပီကင်းမြို့မှ ကူမင်းမြို့သို့ ပို့ဆောင်ခဲ့ခြင်းဖြစ်ကြောင်း၊ နှစ်ဖက်တို့၏ ကူညီထောက်ပံ့ရေးအစီအစဉ်အရ ကိုဗစ် ကာကွယ်ဆေး စုစုပေါင်းအလုံး ၁ သန်းကို အသုတ် ၂ သုတ်ခွဲပြီး တရုတ်နိုင်ငံမှ မြန်မာ နိုင်ငံသို့ ပို့ဆောင်မည်ဖြစ်ကြောင်း၊ ဒုတိယအသုတ်သည် ဖေဖေါ်ဝါရီလ ၉ ရက်နေ့တွင် ပီကင်းမြို့မှ စတင်ပို့ဆောင်မည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

Share this story on

Messenger Pinterest LinkedIn