မြန်မာဘာသာ

ဖိလစ်ပိုင် မြို့တော်ရှိ အကျဉ်းထောင်တစ်ခုတွင် အဓိကရုဏ်းဖြစ်ပွားမှုကြောင့် အကျဉ်းသား ၆ ဦးသေဆုံး

criPublished: 2022-01-11 14:25:45
Share
Share this with Close
Messenger Pinterest LinkedIn

ဖိလစ်ပိုင် မီဒီယာသတင်းအရ ဒေသစံတော်ချိန် ဇန်န၀ါရီလ ၁၀ ရက်နေ့ ညနေပိုင်းက ဖိလစ်ပိုင်နိုင်ငံမြို့တော် မက်ထရို မနီလာဒေသ ခါလိုအိုခန်မြို့ရှိ အကျဉ်းထောင်တွင် အဓိကရုဏ်းဖြစ်ပွားမှုကြောင့် အကျဉ်းသား ၆ ဦးသေဆုံးခဲ့ကာ လူ ၃၃ ဦး ဒဏ်ရာ ရရှိခဲ့သည်ဟု သိရပါသည်။

ဖိလစ်ပိုင်အစိုးရ အကျဉ်းထောင် စီမံခန့်ခွဲမှုဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဇယ်ဝီလ် ဆိုလ်ဒါက အဓိကရုဏ်းဖြစ်ပွားပြီးနောက် အကျဉ်းထောင် စီမံခန့်ခွဲမှုဌာနသည် အထူး နည်းဗျူဟာနှင့် တုံ့ပြန်ရေးအဖွဲ့ကို ယင်းအကျဉ်းထောင်သို့ စေလွှတ်ကာ အခြေအနေကို ထိန်းချုပ်ပြီး စနစ်တကျ ပြန်ဖြစ်ရန် ဆောင်ရွက်ခဲ့ပါသည်။ အဓိကရုဏ်းဖြစ်ပွားမှု၏ အသေးစိတ် အကြောင်းရင်းကို လေ့လာစုံစမ်းနေသည်ဟု China Media Group မှ သတင်းအရ သိရပါသည်။

Share this story on

Messenger Pinterest LinkedIn