မြန်မာဘာသာ

၃၃ ကြိမ်မြောက် "မျောက်ဘူဖေးပွဲတော်" ကို ထိုင်းနိုင်ငံ Lopburi မြို့တွင် ကျင်းပ

criPublished: 2021-11-29 11:54:25
Share
Share this with Close
Messenger Pinterest LinkedIn

ဒေသစံတော်ချိန် နိုဝင်ဘာ ၂၈ ရက်နေ့က ၃၃ ကြိမ်မြောက် "မျောက်ဘူဖေးပွဲတော်" ကို ထိုင်းနိုင်ငံ Lopburi မြို့ရှိ ထင်ရှားသော ရှေးဟောင်းအဆောက်အဦဖြစ်သည့် ဘုရားသုံးဆူရှေ့တွင် ကျင်းပခဲ့သည်။ စားပွဲပေါ်တွင် လတ်ဆတ်သော သစ်သီးဝလံများ၊ ဟင်းသီးဟင်းရွက်များနှင့် အချိုပွဲများဖြင့် ပြည့်နှက်နေပြီး မျောက်များကို စားသောက်ရန် ခွင့်ပြုပေးထားသည်။ "မျောက်ဘူဖေးပွဲတော်" သည် Lopburi မြို့တွင် အရေးပါသော ပွဲတော်တစ်ခုဖြစ်သည်။ ၎င်းကို ၁၉၈၉ ခုနှစ်တွင် စတင်ကျင်းပခဲ့ပြီး ပြည်တွင်း ပြည်ပ ခရီးသွားများနှင့် မီဒီယာများ အများအပြား၏ အာရုံစိုက်မှုကို ခံခဲ့ရကာ ပြည်တွင်း ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရန်အတွက် အထင်ကရ ပွဲတစ်ခု ဖြစ်လာခဲ့သည်။ ဒေသခံ ခရီးသွားလာရေးဌာန၏ ခန့်မှန်းချက်အရ တစ်နေ့တာ လှုပ်ရှားမှုများသည် ခရီးသွားလုပ်ငန်း ၀င်ငွေ ဘတ် သန်း ၁၀ နှင့်ချီ ရှိလာနိုင်သည်ဟုသိရပါသည်။

首页上一页12 2

Share this story on

Messenger Pinterest LinkedIn