မြန်မာဘာသာ

မိတ်ဖက်သည် ဝမ်းမြောက်ဂုဏ်ပြုဖွယ်ကိစ္စ ရှိလျှင် အတူ ဂုဏ်ပြုတတ်ကြသလို အခက်အခဲ ကြုံတွေ့လျှင် အပြန်အလှန် ကူညီပံ့ပိုးတတ်

criPublished: 2021-11-23 15:30:18
Share
Share this with Close
Messenger Pinterest LinkedIn

ယခုလ ၂၂ရက်နေ့က တရုတ် နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်က ဗီဒီယို ပုံစံဖြင့် တရုတ်-အာဆီယံ ဆွေးနွေးဖက် ဆက်ဆံမှု ထားရှိသည့် နှစ်၃၀ပြည့်မြောက်ခြင်း အထိမ်းအမှတ် ထိပ်သီး အစည်းအဝေးသို့ တက်ရောက်ရာတွင် “တရုတ်-အာဆီယံ ဘက်စုံ မဟာဗျူဟာ ဆက်ဆံမှု ထားရှိသည်”ဟု တရားဝင် ကြေညာခဲ့ကြောင်း၊ ယင်းသည် နှစ်ပေါင်း ၃၀ကြာ ရှိသော တရုတ်-အာဆီယံ ပူးပေါင်းဆောင်ရွက်မှု အတွက် မှတ်တိုင်သစ် တစ်ခု ဖြစ်ကြောင်း၊ တရုတ်နှင့် အာဆီယံ အဖွဲ့ဝင် ၁၀ နိုင်ငံတွင် ပြည်သူ ၂ဘီလီယံကျော်သည် ပိုမိုကောင်းမွန်သော နေထိုင်မှု ရရှိမည် ဖြစ်ကြောင်း China Media Groupက ဖော်ပြသည်။

ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် အနာဂတ် တရုတ်-အာဆီယံ ဆက်ဆံမှုနှင့် ပတ်သက်၍ အကြုံပြုချက် ၅ချက်ကို တင်ပြခဲ့ကြောင်း၊ ၄င်းက ငြိမ်းချမ်းသော ဇာတိရပ်ရွာ၊ တည်ငြိမ်သော ဇာတိရပ်ရွာ၊ စည်ပင်သာယာသော ဇာတိရပ်ရွာ၊ သာယာလှပသော ဇာတိရပ်ရွာနှင့် ချစ်ခင်ရင်းနှီးသော ဇာတိရပ်ရွာကို အတူ တည်ဆောက်ရန် ပန်ကြားပြီး ငြိမ်းချမ်းရေး၊ လုံခြုံရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ မြစိမ်းရောင် ယဉ်ကျေးမှုနှင့် ယဉ်ကျေးမှု ကူးလူးဖလှယ်ရေး စသည့် ရှုထောင့်များမှနေ တရုတ်-အာဆီယံ ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းစေရန် ကြံဆချက်နှင့် ဆောင်ရွက်မှု နည်းလမ်းများကို ဘက်စုံ ရှင်းလင်းပြောကြားကြောင်း၊ ယင်းသည် အာဆီယံကို တရုတ်ပြည်၏ ဘေးပတ်ဝန်းကျင် သံတမန်ရေးတွင် ဦးစားပေးချက် အဖြစ် ထားခြင်းအား တရုတ်ပြည် ဦးလည်မသုန် စွဲကိုင်ခြင်းကို ဖော်ပြသည့် အပြင်၊ အာဆီယံ၏ အိမ်နီးချင်းကောင်း၊ မိတ်ဆွေကောင်း၊ မိတ်ဖက်ကောင်း ထာဝစဉ် ဖြစ်ရန် တရုတ်ပြည်၏ ရိုးသားဖြူစင်သော လိုအင်ဆန္ဒကိုလည်း ဖော်ပြနေကြောင်း China Media Groupက ဖော်ပြသည်။

လက်ရှိအချိန်တွင် ပြင်ပမှ နိုင်ငံ အချို့သည် ဒေသတွင်း ရေးရာများတွင် အဆက်မပြတ် ဝင်ရောက်စွက်ဖက်ပြီး ပဋိပက္ခနှင့် ရန်ဘက်ပြုခြင်းကို ဖန်တီးရန် ကြံစည်နေကြောင်း၊ တရုတ်နှင့် အာဆီယံ နိုင်ငံများ အနေနှင့် ဒေသတွင်း အေးချမ်းတည်ငြိမ်ရေးကို အတူတကွ ထိန်းသိမ်းကာကွယ်ပြီး ပြင်ပ အင်အားစုများ၏ နိုင်ငံရေး ကြံစည်မှုကို သတိထားရန်နှင့် ဆန့်ကျင်ရန် တာဝန် ဝတ္တရား ရှိကြောင်း China Media Groupက ဖော်ပြသည်။

12全文 2 下一页

Share this story on

Messenger Pinterest LinkedIn