မြန်မာဘာသာ

တရုတ်-အာဆီယံ ဘက်စုံ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး ထားရှိခြင်းသည် မှတ်တိုင်သစ် ဖြစ်လာသည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီး လက်ထောက် ဆို

criPublished: 2021-11-23 15:31:43
Share
Share this with Close
Messenger Pinterest LinkedIn

နိုဝင်ဘာလ ၂၂ ရက်နေ့က တရုတ်နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ဗီဒီယိုပုံစံဖြင့် တရုတ်-အာဆီယံ ဆွေးနွေးဖက် ဆက်ဆံမှုထားရှိသည့် နှစ်၃၀ပြည့် အထိမ်းအမှတ် ထိပ်သီးအစည်းအဝေးကို ကြီးမှူး ကျင်းပခဲ့ကြောင်း၊ တရုတ်နိုင်ငံခြားရေးဝန်ကြီး လက်ထောက် ဝူကျန်းဟော့က သတင်းထောက်နှင့် တွေ့ဆုံခဲ့ရာတွင် ယင်းသည် ယခုနှစ်တွင် တရုတ်ပြည်၏ အရေးအကြီးဆုံး အိမ်နီးချင်း သံတမန်ရေးရာ လုပ်ဆောင်ချက်ဖြစ်ပြီး ဥက္ကဋ္ဌရှီကျင့်ဖိန်နှင့် အာဆီယံနိုင်ငံများမှ ခေါင်းဆောင်များ အကြား ပထမအကြိမ် စုစည်းတွေ့ဆုံခြင်းလည်း ဖြစ်ကြောင်း၊ ထိပ်သီးအစည်းအဝေးမှ အရေးအကြီးဆုံး အောင်မြင်မှုများမှာ နှစ်ဘက် ခေါင်းဆောင်များက တရုတ်-အာဆီယံ ဆက်ဆံရေးကို ဘက်စုံ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး အထိ အဆင့်တိုးမြှင့်သည်ဟု ပူးတွဲကြေညာပြီး နှစ်ဖက် ဆက်ဆံမှုတွင် မှတ်တိုင်သစ်ကို သတ်မှတ်ခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု သတင်းအရ သိရပါသည်။

Share this story on

Messenger Pinterest LinkedIn