မြန်မာဘာသာ

မြန်မာနိုင်ငံဘက်အသီးသီးတို့အား ညှိနှိုင်းတိုင်ပင်ဆွေးနွေးခြင်းဖြင့် နိုင်ငံရေးဆိုင်ရာ ဖြေရှင်းရေးနည်းလမ်းကို ရှာကြံရန် တရုတ် ထောက်ခံ

criPublished: 2021-11-17 14:54:45
Share
Share this with Close
Messenger Pinterest LinkedIn

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်းက တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာအထူးသံတမန် စွန်းဂေါ်ရှန်းသည် နိုဝင်ဘာလ ၁၅ ရက်နေ့က မြန်မာနိုင်ငံသို့ သွားရောက်လည်ပတ်ခဲ့ကြောင်း နိုဝင်ဘာလ ၁၆ရက်နေ့က ကျင်းပသော တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ပြောကြား ခဲ့ပါသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် စီမံအုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှ ရေးရာ အထူးသံတမန် စွန်းဂေါ်ရှန်းနှင့် မကြာမီက တွေ့ဆုံခဲ့ပါသည်။ နှစ်ဦးနှစ်ဖက် တို့သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ရှေ့လုပ်ငန်းစဉ် ၅ရပ်နှင့် ဦးတည်ချက် ၅ရပ် အကောင်အထည်ဖော်ဆောင်ရွက်နေမှု၊ မြန်မာနိုင်ငံနှင့် အာဆီယံ အဖွဲ့ဝင်နိုင်ငံများ ဆက်ဆံရေး၊ အာဆီယံအဖွဲ့နှင့် တရုတ်နိုင်ငံ ဆက်ဆံရေးနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြသည်ဟု သတင်းအရ သိရပါသည်။

ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်းက တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ အိမ်နီးချင်းကောင်းနိုင်ငံဖြစ်ကြောင်း၊ မြန်မာနိုင်ငံဘက်အသီးသီးတို့အား ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့် ဥပဒေမူဘောင်အတွင်းတွင် ညှိနှိုင်းတိုင်ပင်ဆွေးနွေးခြင်းဖြင့် နိုင်ငံရေးဆိုင်ရာ ဖြေရှင်းရေးနည်းလမ်းကို အလျင်အမြန် ရှာကြံရန် ထောက်ခံကြောင်း ပြောကြားခဲ့ပါသည်။

Share this story on

Messenger Pinterest LinkedIn