ကိုဗစ်-၁၉ လွန်ချိန် လန်ချန်း-မဲခေါင်ဒေသတွင်း ယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်း နာလန်ပြန်ထူရန် တရုတ်နှင့် မြန်မာ အတူကြိုးပမ်းဆောင်ရွက်ရမည်ဟု မြန်မာ-တရုတ် ခရီးသွားလုပ်ငန်းမြှင့်တင်ရေး ကော်မတီ ဒုဥက္ကဋ္ဌဆို
ယခုအကြိမ် အစည်းအဝေး၏ရည်မှန်းချက်သည် “ကိုဗစ်-၁၉ လွန်ချိန် လန်ချန်း-မဲခေါင်ဒေသတွင်းယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်းနာလန်ပြန်ထူရေးအတွက် နည်းလမ်းရှာကြံရန် ဆွေးနွေးပြီး ဒေသတွင်းယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်း အရည်အသွေး မြင့်မားစွာတိုးတက်ရန် အတူမြှင့်တင်ပေးခြင်းဖြစ်ပါသည်။ Liu Wei က ကိုဗစ်-၁၉ လွန်ချိန် တရုတ်နှင့် မြန်မာ နှစ်နိုင်ငံခရီးသွားလုပ်ငန်း ပြန်လည်ရှင်သန်ရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေးအပေါ် မျှော်မှန်းချက်အပြည့်ရှိပါသည်။ ၄င်းက ခရီးသွားလုပ်ငန်း ပူးပေါင်း ဆောင်ရွက်မှုသည် တရုတ်နှင့် မြန်မာ နှစ်နိုင်ငံချစ်ခင်ရင်းနှီးသောဆက်ဆံရေးအတွက် အရေးကြီးသည့် ပလက်ဖောင်းဖြစ်ပြီး နှစ်နိုင်ငံ “Belt and Road” မူဘောင်တွင် အရေးကြီးသည့် ပူးပေါင်းဆောင်ရွက်မှုဖြစ်ကာ နှစ်နိုင်ငံခရီးသွားလုပ်ငန်းမှ ဆောင်ရွက်သူများအတွက် အရေးကြီးသည့် ဝင်ငွေအရင်းအမြစ်လည်း ဖြစ်ကြောင်း၊ ကိုဗစ်-၁၉ လွန်ချိန် နှစ်နိုင်ငံ ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေးကို ဆက်လက်တွန်းအားပေးခြင်းသည် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုနှင့် ချစ်ကြည်ရေးအတွက် အရေးပါသော အဓိပ္ပါယ်ရှိကြောင်း ပြောပါသည်။