မြန်မာဘာသာ

လီခေ့ချန်က တောင်ပင်လယ် ငြိမ်းချမ်းတည်ငြိမ်ရေးကို ကာကွယ်ရန် ဒေသတွင်း နိုင်ငံများ၏ ကြိုးပမ်းအားထုတ်မှုကို အလေးထားသင့်ဟု ပြောကြား

criPublished: 2021-10-28 14:41:57
Share
Share this with Close
Messenger Pinterest LinkedIn

တရုတ်နိုင်ငံတော်ကောင်စီ ၀န်ကြီးချုပ် လီခေ့ချန်က ၂၇ ရက်နေ့က ၁၆ ကြိမ်မြောက် အရှေ့အာရှ ထိပ်သီးခေါင်းဆောင်များအစည်းအဝေး၌ ပါဝင်တက်ရောက်ရာတွင် တောင်ပင်လယ် ငြိမ်းချမ်းတည်ငြိမ်ရေး၊ တောင်ပင်လယ်၌ ရေကြောင်းခရီးသွားလာရေးနှင့် လွတ်လပ်စွာ ဖြတ်သန်းသွားလာရေး တို့ကို ကာကွယ်ထိန်းသိမ်းရေးသည် ဘက်အသီးသီး တို့၏ ဘုံအကျိုးစီးပွားနှင့် ကိုက်ညီကြောင်း၊ တရုတ်နိုင်ငံသည် အကြီးဆုံး ကုန်စည် ကူးသန်းရောင်းဝယ်ရေး နိုင်ငံဖြစ်သောကြောင့် ၆၀ရာခိုင်နှုန်းကျော်ဖြစ်သည့် ကုန်သွယ်ရေးသည် တောင်ပင်လယ်၌ ဖြတ်ကျော်ရကြောင်း၊ တောင်ပင်လယ်ငြိမ်းချမ်းတည်ငြိမ်ရေးသည် တရုတ်နိုင်ငံ၏ အကျိုးစီးပွားနှင့် တိုက်ရိုက် သက်ဆိုင်ကြောင်း၊ တရုတ်နိုင်ငံနှင့် အာဆီယံနိုင်ငံများ ပူးတွဲကြိုးပမ်းအားထုတ်ခြင်းဖြင့် တောင်ပင်လယ် ဘက်စုံ အခြေအနေသည် တည်ငြိမ်နေပြီး ရေကြောင်းခရီးသွားလာရေးနှင့် ဖြတ်သန်းသွားလာရေးသည် ပြဿနာ လုံးဝ မဖြစ်ခဲ့ကြောင်း၊ တောင်ပင်လယ်ငြိမ်းချမ်းတည်ငြိမ်ရေးကို ကာကွယ်ထိန်းသိမ်းရန် ဒေသတွင်း နိုင်ငံများ၏ ကြိုးပမ်းအားထုတ်မှုကို အလေးထား သင့်ကြောင်း၊ တောင်ပင်လယ်အား ငြိမ်းချမ်းရေး၊ ချစ်ကြည်ရေး၊ ပူးပေါင်းဆောင်ရွက်မှု လက္ခဏာပါသော ပင်လယ်အဖြစ် တည်ဆောက်ရန် ဒေသတွင်းနိုင်ငံများ၏ ကြိုးပမ်းဆောင်ရွက်မှုများကို ဘက်အသီးသီးတို့ အားပေးထောက်ခံရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်ဟု China Media Group မှ သတင်းအရ သိရပါသည်။

Share this story on

Messenger Pinterest LinkedIn