မြန်မာဘာသာ

လီခေ့ချန်သည် ၁၆ ကြိမ်မြောက် အရှေ့ အာရှထိပ်သီးအစည်းအဝေးသို့ တက်ရောက်

criPublished: 2021-10-28 15:07:47
Share
Share this with Close
Messenger Pinterest LinkedIn

တရုတ်နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီခေ့ချန်သည် အောက်တိုဘာလ ၂၇ရက်နေ့ ညက ဗီဒီယိုနည်းလမ်းဖြင့် ၁၆ကြိမ်မြောက် အရှေ့အာရှထိပ်သီးအစည်းအဝေးသို့ တက်ရောက်ခဲ့ကြောင်း၊ အာဆီယံနိုင်ငံများမှ ခေါင်းဆောင်များနှင့် ရုရှား၊ တောင်ကိုရီးယား၊ အမေရိကန်၊ ဂျပန်၊ အိန္ဒိယ၊ သြစတြေးလျ၊ နယူးဇီလန် စသောနိုင်ငံများမှ ခေါင်းဆောင်များသည် အစည်းအဝေးသို့ တက်ရောက်ခဲ့ကြကြောင်း China Media Group မှ သတင်းအရ သိရပါသည်။

လီခေ့ချန်က ဘက်အသီးသီးတို့သည် အပြန်အလှန်လေးစားပြီး စည်းလုံးညီညွတ်စွာ ပူးပေါင်းကာ ကိုဗစ်-၁၉ရောဂါတိုက်ဖျက်ရေးနှင့် စီးပွားရေး ပြန်လည်ရှင်သန်မှု၌ အားဖြည့်ဆောင်ရွက်၍ ဒေသတွင်းငြိမ်းချမ်းတည်ငြိမ်ရေးကို ထိန်းသိမ်းစောင့်ရှောက်ကာ ဖွံ့ဖြိုးရေးနှင့် စည်ပင်သာယာရေးကို တွန်းအားပေးသင့်ကြောင်း ပြောကြားပါသည်။

တရုတ်ဘက်မှ အောက်ဖေါ်ပြပါအကြံပြုချက်(၄)ရပ်ကို တင်သွင်းခဲ့ရာ၊ ပထမအချက်က ကိုဗစ်-၁၉ရောဂါကို လက်တွဲတိုက်ဖျက်ခြင်းဖြစ်ကြောင်း၊ ဒုတိယ အချက်က စီးပွားရေး ဘက်စုံပြန်လည်ရှင်သန်ရေးကို တွန်းအားပေးခြင်းဖြစ်ကြောင်း၊ တတိယ အချက်က ပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်မှုရှိသောဖွံ့ဖြိုးမှုကို တွန်းအားပေးခြင်းဖြစ်ကြောင်း၊ စတုတ္ထအချက်ကမူ အာဆီယံအဖွဲ့၏ ဗဟိုအဆင့်နေရာကို ထောက်ခံခြင်းဖြစ်ကြောင်း သတင်းရရှိပါသည်။

မြန်မာနိုင်ငံသည် အရှေ့အာရှပူးပေါင်းဆောင်ရွက်ရေးတွင် အဓိက ပါဝင်ဖက်နိုင်ငံ ဖြစ်ကြောင်း၊ အာဆီယံအနေနှင့် “အာဆီယံနည်းလမ်း”ဖြင့် သက်ဆိုင်ရာ ပြဿနာများကို သင့်လျော်စွာ ကိုင်တွယ်ဖြေရှင်းပြီး အာဆီယံ၏ စည်းလုံး ညီညွတ်မှုကို တွန်းအားပေး၍ ဒေသတွင်းတည်ငြိမ်ရေးကို တွန်းအားပေးကာ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းစွာသင့်မြတ်မှု ဖြစ်စဉ်ကို တွန်းအားပေးရန် တရုတ်နိုင်ငံသည် ထောက်ခံကြောင်း လီခေ့ချန်က ပြောကြားပါသည်။

Share this story on

Messenger Pinterest LinkedIn