မြန်မာဘာသာ

“တောင်ပင်လယ်ဆောင်ရွက်ချက်မူ”ကို တတ်နိုင်သမျှ အမြန်ဆုံး ရရှိပြီး တောင်ပင်လယ်ကို ငြိမ်းချမ်းပြီး ချစ်ကြည်ကာ ပူးပေါင်းဆောင်ရွက်သော ပင်လယ်အဖြစ် ထူထောင်မည်ဟု လီခေ့ချန် ဆို

criPublished: 2021-10-27 10:52:22
Share
Share this with Close
Messenger Pinterest LinkedIn

၂၄ကြိမ်မြောက် တရုတ်-အာဆီယံ ခေါင်းဆောင်များ အစည်းအဝေးသို့ တက်ရောက် ခဲ့ရာတွင် တရုတ်နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီခေ့ချန်က တောင်ပင်လယ် ငြိမ်းချမ်းရေးသည် မိမိတို့၏ ဘုံအကျိုးစီးပွားနှင့် ကိုက်ညီကြောင်း၊ တောင်ပင်လယ် ဖွံ့ဖြိုးတိုးတက်မှုသည် မိမိတို့၏ ဘုံမျှော်မှန်းချက် ဖြစ်ကြောင်း၊ တောင်ပင်လယ် တည်ငြိမ်မှုသည် မိမိတို့၏ ဘုံကြိုးပမ်းအားထုတ်မှု လိုအပ်ကြောင်း၊ ယမန်နှစ်ကစပြီး မိမိတို့သည် ကိုဗစ်-၁၉ရောဂါအခြေအနေ၏ နှောင့်ယှက်မှုကို ဖယ်ရှားပြီး “တောင်ပင်လယ်ဆောင်ရွက်ချက်မူ”ကို လိုရင်းအားဖြင့် ပြန်လည်ညှိနှိုင်း၍ တိုးတက်မှု ရရှိလာကြောင်း၊ လာမည့်နှစ်သည် “တောင်ပင်လယ် ဘက်အသီးသီးတို့ ဆောင်ရွက်မှု ကြေညာချက်”ကို ချုပ်ဆိုခဲ့သည့် နှစ်(၂၀)ပြည့်မြောက်နှစ်ဖြစ်ပြီး တရုတ်နိုင်ငံသည် အာဆီယံနိုင်ငံများနှင့်အတူ သက်ဆိုင်ရာ အထိမ်းအမှတ်လှုပ်ရှားမှုများကို ကောင်းမွန်စွာ ကျင်းပလိုကြောင်း၊ မိမိတို့သည် ယင်းကို အခွင့်ကောင်းအဖြစ်ထားပြီး ရေကြောင်းဆိုင်ရာ ထိတွေ့ပူးပေါင်းဆောင်ရွက်မှုကို တက်ကြွစွာ တိုးချဲ့ပြီး “တောင်ပင်လယ် ဆောင်ရွက်ချက်မူ” ညှိနှိုင်းရေးလမ်းစဉ်ကို အရှိန်မြှင့်စေ၍ “မူ”ကို တတ်နိုင်သမျှ အမြန်ဆုံးရရှိကာ တောင်ပင်လယ်ကို ငြိမ်းချမ်းပြီး ချစ်ကြည်ကာ ပူးပေါင်းဆောင်ရွက်သော ပင်လယ်အဖြစ် ထူထောင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။

Share this story on

Messenger Pinterest LinkedIn