မြန်မာဘာသာ

တရုတ်-လာအို မြန်နှုန်းမြှင့် ရထားများ စတင် လည်ပတ်ပြေးဆွဲမည်

criPublished: 2021-10-19 13:15:56
Share
Share this with Close
Messenger Pinterest LinkedIn

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်းက တရုတ်-လာအို ရထားလုပ်ငန်း "လန်ချန်း" မြန်နှုန်းမြှင့် ရထား ပေးအပ်ခြင်းသည် အရေးကြီးသော မှတ်တိုင်တစ်ခုဖြစ်ကြောင်း၊ ယင်းသည် တရုတ်-လာအို ရထား လုပ်ငန်းသည် တည်ဆောက်ရေးကာလမှ လည်ပတ်ပြေးဆွဲရေး ကာလသို့ ရောက်ရှိပြီဟု ပြသကြောင်း၊ ယင်းသည် တရုတ်နှင့် လာအို ပြည်သူများအတွက် အကျိုးပြုသော ကောင်းမွန် ပျော်ရွှင်သော ကိစ္စ တစ်ရပ် ဖြစ်ကြောင်း ၁၈ ရက်နေ့က ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်ဟု ဆင်ဟွာသတင်းအရ သိရပါသည်။

တရုတ်-လာအို ရထားလုပ်ငန်း "လန်ချန်း" မြန်နှုန်းမြှင့် ရထား ပေးအပ်ခြင်း အခမ်းအနားကို မကြာမီက လာအိုနိုင်ငံမြို့တော် ဗီယင်ကျန်းတွင် ကျင်းပခဲ့သည်။ တရုတ်-လာအို ရထားလုပ်ငန်းသည် နှစ်နိုင်ငံပြည်သူများအတွက် ချမ်းမြေ့မှုနှင့် သာယာဝပြောမှုများကို ဆောင်ကြဉ်းပေးမည်ဟု တရုတ်နှင့် လာအို မီဒီယာများတွင် ရေးသားဖော်ပြသည်။

Share this story on

Messenger Pinterest LinkedIn