မြန်မာဘာသာ

တရုတ်နှင့် မြန်မာ နှစ်နိုင်ငံမှ လုပ်ငန်းကုမ္ပဏီများက ဆိုက်ဘာနယ်ပယ် ကံကြမ္မာတူ အသိုက်အဝန်းများ တည်ဆောက်ရေးအတွက် လက်တွဲ ဆောင်ရွက်သင့်ကြောင်း မြန်မာ လုပ်ငန်းရှင်ဆို

criPublished: 2021-09-27 21:09:16
Share
Share this with Close
Messenger Pinterest LinkedIn

ကမ္ဘာ့အင်တာနက်ညီလာခံ ဝူးကျင့်-ထိပ်သီးများ အစည်းအဝေးသည် စက်တင်ဘာလ ၂၆ရက်နေ့တွင် ကျဲ့ကျန်းပြည်နယ် ကြားရှင်းမြို့ ဝူးကျင့်တွင် စတင်ကျင်းပခဲ့ပါသည်။ ယခုအကြိမ် အစည်းအဝေးသည် အင်တာနက်နည်းပညာ နောက်ဆုံးအောင်ကျိုးရလဒ်များကို ပြသပြီး ဒီဂျစ်တယ်စွမ်းအားနှင့် အနာဂတ်ကိုအတူဖန်တီးခြင်း အပေါ် အာရုံစိုက်ခြင်းဖြစ်ပါသည်။

ယနေ့ခေတ်တွင် ဒီဂျစ်တယ်နည်းပညာက လူသား၏ စီးပွားရေး၊ နိုင်ငံရေး၊ ယဉ်ကျေးမှုနှင့် လူမှုရေး စသည့် နယ်ပယ်အသီးသီးတွင် ဘက်စုံပေါင်းစပ်ပါဝင်နေခြင်းဖြစ်ပါသည်။ ယခုနှစ်များတွင် မြန်မာနိုင်ငံ၏ အင်တာနက်ဆက်သွယ်ရေးလုပ်ငန်းကလည်း လျင်မြန်စွာ တိုးတက်လျက်ရှိပြီး မြန်မာပြည်သူများ၏ ကုန်ထုတ်လုပ်မှုနှင့် နေထိုင်မှုဘဝအပေါ် အပြုသဘောဆောင်သည့် ကျယ်ပြန့်သည့် အကျိုးသက်ရောက်မှုကို ဖြစ်စေခဲ့ပါသည်။ မြန်မာနိုင်ငံ Broadband Telecom ကုမ္ပဏီ လီမိတက် (MBT)မှ အထွေထွေမန်နေဂျာ ဝမ်ရှောင်ယွီက မြန်မာနိုင်ငံ၏ အင်တာနက်ဈေးကွက်သည် ဝယ်လိုအားကောင်းသော်လည်း အပလီကေးရှင်းပါဝင်မှုက လောလောဆယ် အားနည်းနေသောကြောင့် ယင်းလုပ်ငန်းက အလွန်တိုးတက်မည့်ကာလသို့ ရောက်ရှိတော့မည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် ကမ္ဘာ့အကြီးဆုံးသော အင်တာနက် အပလီကေးရှင်းဈေးကွက်ဖြစ်သည့်အတွက် ကုန်ပစ္စည်း၊ နည်းပညာနှင့် အပလီကေးရှင်းစသည့်နယ်ပယ်များတွင် ကမ္ဘာ့ရှေ့ဆောင်နိုင်သော ခေတ်မီထူးချွန်သော တရုတ်အင်တာနက်လုပ်ငန်းကုမ္ပဏီများ ဖြစ်ထွန်းလာကြောင်း၊ ၄င်းတရုတ်အင်တာနက်ကုမ္ပဏီများ ကမ္ဘာ့ဈေးကွက်သို့ ဝင်ရောက်လျှင် နိုင်ငံအသီးသီး၏ ဆက်သွယ်ရေးနည်းပညာကို အတူတကွ တိုးတက်စေနိုင်မည်ဖြစ်ကြောင်း ပြောပါသည်။

12全文 2 下一页

Share this story on

Messenger Pinterest LinkedIn