မြန်မာဘာသာ

တရုတ်-အာဆီယံ ဆွေးနွေးမှု ဆက်ဆံရေး ထားရှိခြင်း နှစ်၃၀ပြည့်၊ ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာ ရေရှည်ခိုင်မာမှု အပြည့်အဝရှိ

criPublished: 2021-09-17 16:20:52
Share
Share this with Close
Messenger Pinterest LinkedIn

တရုတ် နိုင်ငံတော် ကောင်စီဝင်၊ နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိသည် ယခုလ ၁၅ရက်နေ့က ဘေးပတ်ဝန်းကျင် ၄နိုင်ငံတွင် ခရီးလှည့်လည်ခြင်းကို ပြီးဆုံးခဲ့ကြောင်း၊ ဝမ်ယိ၏ ဗီယက်နမ်၊ ကမ္ဘောဒီးယားနှင့် စင်ကာပူ ၃နိုင်ငံ ခရီးစဉ် အပေါ် အများသည် အထူး အာရုံစူးစိုက်ကြကြောင်း China Media Groupမှ သတင်းအရ သိရသည်။

ယခုနှစ်သည် တရုတ်-အာဆီယံ ဆွေးနွေးမှု ဆက်ဆံရေး ထားရှိသည့် နှစ်၃၀ပြည့်မြောက်နှစ် ဖြစ်ကြောင်း၊ ဝမ်ယိ၏ ယခုအကြိမ် ခရီးစဉ်ဖြင့် တရုတ်ပြည်သည် အရှေ့တောင် အာရှ နိုင်ငံများနှင့်အတူ ကိုဗစ် ၁၉ လက်တွဲ ကာကွယ်တိုက်ဖျက်ပြီး လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေရန် မျှော်လင့်ကြောင်း China Media Groupက ဖော်ပြသည်။

ကိုဗစ် ၁၉ ကပ်ရောဂါ ဖြစ်ပွားခဲ့သည့် နောက်ပိုင်းတွင် တရုတ်နှင့် အရှေ့တောင် အာရှ နိုင်ငံများသည် အပြန်အလှန် အားပေးထောက်ခံပြီး အခက်အခဲများကို အတူတကွ ကျော်လွှားရန် ကြိုးပမ်းဆောင်ရွက်ကြခြင်း ဖြစ်ကြောင်း၊ ကပ်ရောဂါ၏ ထိခိုက်မှုကြောင့် ကမ္ဘာ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဆိုင်ရာ မရေမရာဖြစ်မှု သိသာထင်ရှားစွာ တိုးပွားလာသော်လည်း တရုတ်နှင့် အာဆီယံ နိုင်ငံများ၏ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုသည် အလွန်ကြီးမားသည့် ရှင်သန်မှု ရှိမြဲရှိနေသေးကြောင်း၊ ယခုအကြိမ် ခရီးစဉ်တွင် တရုတ်ပြည်နှင့် အာဆီယံ နိုင်ငံများသည် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနှင့် ပတ်သက်၍ တက်ကြွစွာ နည်းလမ်းရှာကြံပြီး Belt and Road အဆိုပြုချက်နှင့် သက်ဆိုင်ရာ နိုင်ငံများ၏ ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာများ အကြား ညီညွတ်စေရေးကို ဆက်လက် တွန်းအားပေးကာ “ဒေသတွင်း ဘက်စုံ စီးပွားရေး မိတ်ဖက် ဆက်ဆံမှု သဘောတူ စာချုပ်” (RCEP) ဆောလျင်စွာ အာဏာတည်ရန် အတူတကွ တွန်းအားပေးခြင်းနှင့် ပတ်သက်၍ သဘောတူညီမှု ရရှိခဲ့ကြောင်း၊ ယင်းဆောင်ရွက်ချက်များသည် ဘုံအကျိုးစီးပွား တိုးပွားစေခြင်း အတွက် အကျိုးရှိပြီး ဒေသတွင်းနှင့် ကမ္ဘာ့ စီးပွားရေး တိုးတက်မှု တိုးမြှင့်ရေး အတွက်လည်း အကျိုးပြု စွမ်းဆောင်မည် ဖြစ်ကြောင်း China Media Groupက ဖော်ပြသည်။

ရေရှည်ခိုင်မာမှု အပြည့်အဝ ရှိသည့် တရုတ်-အာဆီယံ လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှု သည် ဒေသတွင်းနှင့် ကမ္ဘာ့ ဖွံ့ဖြိုးတိုးတက်မှု အတွက် ပိုမိုများပြားသည့် အပြုသဘောဆောင်သော အင်အားကို ဆောင်ကြဉ်းလာမည် ဖြစ်၍ ပြင်ပမှ အင်အားစုများ၏ မတည်ငြိမ်မှု ဖြစ်ရပ်များ တမင်ပြုလုပ်ခြင်းနှင့် ရန်တိုက်ပေးရန် ကြံစည်ခြင်းကို ရှုံးနိမ့်စေမည် ဖြစ်ကြောင်း China Media Groupက ဖော်ပြသည်။

Share this story on

Messenger Pinterest LinkedIn