မြန်မာဘာသာ

သဘောတူညီမှုကို စုစည်းပြီး မဟာမဲခေါင်မြစ် ဒေသခွဲတွင် သက်ညှာထောက်ထားပြီး ဆက်တိုက် ဖွံ့ဖြိုးရေးကို လက်တွဲ တွန်းအားပေရမည်ဟု လီခေ့ချန် ဆို

criPublished: 2021-09-09 17:10:33
Share
Share this with Close
Messenger Pinterest LinkedIn

တရုတ်နိုင်ငံတော် ကောင်စီ ဝန်ကြီးချုပ် လီခေ့ချန်သည် ယခုလ ၉ ရက်နေ့က ပီကင်း၌ မဟာမဲခေါင်မြစ် ဒေသခွဲ စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေး သတ္တမ အကြိမ်မြောက် ခေါင်းဆောင်များ ဗီဒီယို အစည်းအဝေသို့ တက်ရောက်ပြီး မိန့်ခွန်း ပြောကြားခဲ့ပါသည်။

လီခေ့ချန်က မျက်မှောက်အချိန်တွင် ကိုဗစ်-၁၉ ကူးစက်ရောဂါသည် တစ်ကမ္ဘာလုံး၌ ဖြစ်ပွားနေဆဲဖြစ်ပြီး ကမ္ဘာ့စီးပွားရေးတွင် မတည်ငြိမ်ဖွယ်ရာများ တိုးလာကာ ဒေသခွဲ နိုင်ငံများ၏ စီးပွားရေး နာလန်ပြန်ထူခြင်းနှင့် ဆက်တိုက် ဖွံ့ဖြိုးတိုးတက်ခြင်းတွင် စိန်ခေါ်မှုသစ်နှင့် ရင်ဆိုင်နေရကြောင်း၊ ဘက်အသီးသီးတို့ အနေနှင့် သဘောတူညီမှုများကို စုစည်းပြီး နိုင်ငံရေး အပြန်အလှန် ယုံကြည်မှုကို တိုးမြှင့်၍ ပူးပေါင်းဆောင်ရွက်မှု အရည်အချင်းနှင့် နယ်ပယ်များကို တိုးချဲ့ကာ မဟာမဲခေါင်မြစ် ဒေသခွဲတွင် သက်ညှာ ထောက်ထားပြီး ဆက်တိုက် ဖွံ့ဖြိုးရေးကို လက်တွဲ တွန်းအားပေရမည် ဖြစ်ကြောင်း ပြောကြားပါသည်။

လီခေ့ချန်သည် လက်တွေ့ကျပူးပေါင်းဆောင်ရွက်မှု တိုးချဲ့ရေးဆိုင်ရာ အဆိုပြုချက် ၆ ချက်ကို တင်ပြပြီး ယင်းတို့မှာ ရေအရင်းအမြစ် ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေခြင်း၊ ကပ်ရောဂါ ထိန်းချုပ်ကာကွယ်ရေးနှင့် ကာကွယ်ဆေး ပူးပေါင်းဆောင်ရွက်မှုကို လက်တွဲ ပြုလုပ်ခြင်း၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုကို တိုးမြှင့်ပြီး စီးပွားရေး နာလန်ပြန်ထူမှုကို လက်တွဲ တွန်းအားပေးခြင်း၊ အပြန်အလှန် ဆက်သွယ်မှုကို အားသစ်လောင်းပေးခြင်း၊ ဆက်တိုက် ဖွံ့ဖြိုးမှုကို တွန်းအားပေးပြီး ပြည်သူလူထုများ၏ နေထိုင်မှုဘဝ တိုးတက် ကောင်းမွန်စေခြင်း၊ နိုင်ငံရေး အပြန်အလှန် ယုံကြည်မှု ပိုမို ခိုင်ခံ့အောင် ဆောင်ရွက်ပြီး နိုင်ငံစုံဝါဒနှင့် တံခါးဖွင့်ရေး၊ သက်ညှာထောက်ထားရေးကို အစဉ်တစိုက် ဆောင်ရွက်ခြင်းတို့ ဖြစ်ပါသည်။

Share this story on

Messenger Pinterest LinkedIn