၂၀၂၁ ခုနှစ် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ မြန်မာနိုင်ငံစီမံကိန်းများ လက်မှတ်ရေးထိုးပွဲ အခမ်းအနားကျင်းပ
ဦးဝဏ္ဏမောင်လွင်က တရုတ်နိုင်ငံမှ မြန်မာနိုင်ငံအပေါ် ထောက်ခံအားပေးမှုကို ကျေးဇူးတင်ရှိကြောင်း၊ ယခုနှစ် ရန်ပုံငွေဖြင့် ထောက်ခံအားပေးသည့် မြန်မာနိုင်ငံ စီမံကိန်း များတွင် လူ့အရင်းအမြစ်၊ ယဉ်ကျေးမှု၊ စိုက်ပျိုးရေး၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ ဘဏ္ဍာရေး စသည့် နယ်ပယ်အများအပြား ပါဝင်ကြောင်း၊ တရုတ်ဘက်က မြန်မာနိုင်ငံ ကပ်ရောဂါတိုက်ဖျက်ရေး၏ အရေးကြီးအချိန်အခါတွင် မြန်မာနိုင်ငံ ဇီဝဘေးကင်းမှု တတိယ အဆင့် ဓာတ်ခွဲခန်း တည်ဆောက်ရန် ကူညီပေးခဲ့ပါကြောင်း၊ ၄င်းစီမံကိန်းများသည် မြန်မာပြည်သူများကို နောက်တစ်ဆင့် အကျိုးဖြစ်ထွန်းစေမည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။