မြန်မာဘာသာ

တရုတ်-အာဆီယံ ဆွေးနွေးဖက် ဆက်ဆံရေးထားရှိသည့် နှစ် ၃၀ ပြည့် အထိမ်းအမှတ် နှီးနှောဖလှယ်ပွဲကို ပီကင်းမြို့၌ ကျင်းပ

criPublished: 2021-07-29 10:41:31
Share
Share this with Close
Messenger Pinterest LinkedIn

၂၈ ရက်နေ့က တရုတ်-အာဆီယံ ဆွေးနွေးဖက် ဆက်ဆံရေး ထားရှိသည့် နှစ် ၃၀ ပြည့် အထိမ်းအမှတ် နှီးနှောဖလှယ်ပွဲကို ပီကင်းမြို့၌ ကျင်းပခဲ့သည်။ တရုတ်နှင့် အာဆီယံတို့သည် ၁၉၉၁ ခုနှစ်ကစပြီး ဆွေးနွေးဖက် ဆက်ဆံရေးထားရှိခဲ့ ပြီးနောက် တရှိန်ထိုး ဖွံ့ဖြိုးတိုးတက်လာ၍ အတိုင်းအတာ အကြီးဆုံး ကုန်သွယ်ရေးမိတ်ဖက်၊ အနှစ်သာရအများဆုံးရှိသော ပူးပေါင်း ဆောင်ရွက်ရေး မိတ်ဖက် နှင့် ရှင်သန်မှုအရှိဆုံးသော မဟာဗျူဟာမြောက် မိတ်ဆက် ဖြစ်လာပြီ ဖြစ်ကြောင်း၊ အနာဂတ်တွင် နှစ်ဖက်တို့သည် အများပြည်သူကျန်းမာရေး၊ ရာသီဥတု ပြောင်းလဲမှု၊ ပတ်ဝန်းကျင်နှင့် ဘေးအန္တရာယ်များ စီမံခန့်ခွဲမှု စသော နယ်ပယ်များ၌ ဆက်တိုက်အားဖြည့် ပူးပေါင်းဆောင်ရွက်ကြမည်ဖြစ်ကြောင်း နှီးနှောဖလှယ်ပွဲ တက်ရောက်သော ကိုယ်စားလှယ်များက ယူဆကြသည်ဟု China Media Group မှ သတင်းအရ သိရပါသည်။

Share this story on

Messenger Pinterest LinkedIn