မြန်မာဘာသာ

တရုတ်-အာဆီယံ ဆွေးနွေးရေးဆက်ဆံမှုထားရှိသည့် နှစ် ၃၀ ပြည့်မြောက်ခြင်းနှင့် ပတ်သက်၍ ဝမ်ယိနှင့် Lim Jock Hoi တို့ ဝမ်းမြောက်ကြောင်းသဝဏ်လွှာ အပြန်အလှန် ပေးပို့

criPublished: 2021-07-19 20:18:23
Share
Share this with Close
Messenger Pinterest LinkedIn

ဇူလိုင်လ ၁၉ ရက်နေ့က တရုတ်နိုင်ငံတော်ကောင်စီဝင်၊ နိုင်ငံခြားရေးဝန်ကြီးဝမ်ယိနှင့် အာဆီယံအဖွဲ့ အတွင်းရေးမှူးချုပ် Lim Jock Hoiတို့သည် တရုတ်-အာဆီယံ ဆွေးနွေးရေး ဆက်ဆံမှုထားရှိသည့် နှစ် ၃၀ ပြည့်မြောက်ခြင်းနှင့်ပတ်သက်၍ ဝမ်းမြောက်ကြောင်း သဝဏ်လွှာ အပြန်အလှန် ပေးပို့ခဲ့ပါသည်။

ဝမ်ယိက ၁၉၉၁ခုနှစ် နှစ်ဖက်အကြား ဆွေးနွေးရေးဆက်ဆံမှု ထားရှိခဲ့ပြီးနောက် တရုတ်-အာဆီယံ ဆက်ဆံမှုသည် မြန်ဆန်မြင့်မားစွာ ဖြတ်ကျော်နိုင်သည့် ဖွံ့ဖြိုးတိုးတက်မှု ရရှိကြောင်း၊ နှစ်ဖက်တို့သည် အတိုင်းအတာ အကြီးမားဆုံးသော ကုန်သွယ်ဖက်၊ အနစ်သာရ အရှိဆုံးသော ပူးပေါင်းဆောင်ရွက်ရေး မိတ်ဖက်၊ အရှင်သန်ဆုံးသော မဟာဗျူဟာမိတ်ဖက်ဖြစ်လာကြောင်း၊ မိမိအနေနှင့် အတွင်းရေးမှူးချုပ် Lim Jock Hoi နှင့် အခြားအာဆီယံနိုင်ငံများနှင့်အတူ နှစ်ဖက်ဆွေးနွေးရေးဆက်ဆံမှု ထားရှိခဲ့သည့် နှစ် ၃၀ ပြည့်မြောက်သည့် အခွင့်ကောင်းကို လက်မလွှတ်ဘဲ ခေါင်းဆောင်များ ရရှိခဲ့သော သဘောတူညီမှုများကို လက်တွေ့ ဖော်ဆောင်ပြီး အပြန်အလှန် အကျိုးရှိစေသော ပူးပေါင်းဆောင်ရွက်မှုများကို နက်ရှိုင်းစေကာ ပိုမိုကောင်းမွန်သော နှစ်ဖက်ဆက်ဆံမှု အနာဂတ်ရေးကို ဖန်တီးပေးလိုကြောင်း ဖော်ပြပါသည်။

Lim Jock Hoi က ပြီးခဲ့သည့် နှစ် ၃၀ အတွင်း အာဆီယံနှင့် တရုတ်ဆက်ဆံမှုသည် အရေးကြီးသော အောင်မြင်မှုများ ရရှိခဲ့ကြောင်း၊ တရုတ်နိုင်ငံတော်ကောင်စီဝင် ဝမ်ယိနှင့်အတူ ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်ပြီး ယခုနှစ် နှစ်ကုန်ပိုင်းတွင် ကျင်းပမည့် ထိပ်သီးခေါင်းဆောင်များ အစည်းအဝေး ပြင်ဆင်ရေးလုပ်ငန်းကို ကောင်းမွန်စွာ ဆောင်ရွက်ကာ အာဆီယံ-တရုတ် ဆက်ဆံမှု ဆက်တိုက် ဖွံ့ဖြိုးတိုးတက်ရေးကို တွန်းအားပေးရန် မျှော်လင့်ကြောင်း ဖော်ပြပါသည်။

Share this story on

Messenger Pinterest LinkedIn