မြန်မာဘာသာ

လီခေ့ချန်နှင့် ဘရူနိုင်း ဆာလဒန် ဘုရင် ဟာဆောင်နာလ်သည် တရုတ်-အာဆီယံ ဆွေးနွေးခြင်း ဆက်ဆံရေးထားရှိသည့် နှစ်၃၀ ပြည့်မြောက်နှစ် အတွက် ဝမ်းမြောက်ကြောင်း သဝဏ်လွှာ အပြန်အလှန်ပေးပို့

criPublished: 2021-07-19 20:12:17
Share
Share this with Close
Messenger Pinterest LinkedIn

ဇူလိုင်လ ၁၉ရက်နေ့က တရုတ်နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီခေ့ချန်နှင့် အာဆီယံအလှည့်ကျ သဘာပတိနိုင်ငံ ဘရူနိုင်း ဆာလဒန် ဘုရင် ဟာဆောင်နာလ်သည် တရုတ်-အာဆီယံ ဆွေးနွေးခြင်း ဆက်ဆံရေး ထားရှိသည့် နှစ်၃၀ပြည့်မြောက်နှစ် အတွက် ဝမ်းမြောက်ကြောင်း သဝဏ်လွှာ အပြန်အလှန်ပေးပို့ခဲ့ကြသည်။

လီခေ့ချန်က လက်ရှိအချိန်တွင် တရုတ်နှင့် အာဆီယံဆက်ဆံမှုသည် ဘက်စုံဖွံ့ဖြိုးတိုးတက်သော အခန်းကဏ္ဍသစ်သို့ ရောက်ရှိနေကြောင်း၊ တရုတ်သည် အာဆီယံနှင့် လက်တွဲ၍ အဆင့်အတန်း ပိုမိုမြင့်မားသော မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးကို ထူထောင်ပြီး ပိုမိုနီးကပ်သော ကံကြမ္မာအသိုက်အဝန်းကို တည်ဆောက်လိုကြောင်း၊ အနာဂတ်တွင် ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများကို ပိုမိုကောင်းမွန်စွာ ရင်ဆိုင်ပြီး တရုတ်-အာဆီယံ နှစ်ဖက် နိုင်ငံ ၁၁ နိုင်ငံမှ ပြည်သူသန်းပေါင်း၂၀၀၀ကျော်ကို ချမ်းမြေ့သာယာအောင် အကျိုးဆောင်ပေးလိုကြောင်း ပြောကြားခဲ့သည်။

ဟာဆောင်နာလ်က ပြီးခဲ့သည်နှစ် ၃၀အတွင်း အာဆီယံ-တရုတ်ဆက်ဆံမှုတွင် အောင်မြင်မှုများစွာ ရရှိကြောင်း၊ နှစ်ဦးနှစ်ဖက်တို့သည် ပူးပေါင်းဆောင်ရွက်ပြီး ကိုဗစ်၁၉ကပ်ရောဂါ တိုက်ဖျက်ကာ စီးပွားရေးနှင့် ယဉ်ကျေးမှု စသောနယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မှု ဆက်တိုက် နက်ရှိုင်းလာကြောင်း၊ အာဆီယံ-တရုတ် မဟာဗျူဟာမြောက် မိတ်ဖက် ဆက်ဆံမှုသည် နှစ်ဖက်ပြည်သူများအတွက် ပိုမိုကောင်းမွန်သော အနာဂတ်ကို ဖန်တီးပေးနိုင်မည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။

Share this story on

Messenger Pinterest LinkedIn