မြန်မာဘာသာ

တရုတ်နိုင်ငံသည် အလယ်အာရှ နိုင်ငံများနှင့် ပိုမိုရင်းနှီးသော တရုတ်-အလယ်အာရှ ကံကြမ္မာတူ အသိုက်အဝန်းကို ပူးတွဲတည်ဆောက်လိုကြောင်း ရှီကျင့်ဖိန် ဆို

criPublished: 2022-01-26 14:30:43
Share
Share this with Close
Messenger Pinterest LinkedIn

တရုတ်နိုင်ငံတော်ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ဇန်နဝါရီလ ၂၅ ရက်နေ့ ညနေပိုင်းက ပီကင်းမြို့၌ တရုတ်နှင့် အလယ်အာရှ ၅ နိုင်ငံ သံတမန်အဆက်အသွယ် ထားရှိခဲ့သည့် နှစ် ၃၀ ပြည့် ဗီဒီယို ထိပ်သီးအစည်းအဝေးကို ဦးစီးကျင်းပကာ အရေးကြီး မိန့်ခွန်းပြောကြားခဲ့ပါသည်။

ရှီကျင့်ဖိန် က နိုင်ငံတကာ အခြေအနေ မည်သို့ပင်ပြောင်းလဲပြောင်းလဲ၊ အနာဂတ်တွင် တရုတ်နိုင်ငံသည် မည်သို့ပင် ဖွံ့ဖြိုးဖွံ့ဖြိုး၊ တရုတ်နိုင်ငံသည် အလယ်အာရှ နိုင်ငံများ၏ ယုံကြည်အားထားရသော အိမ်နီးချင်းကောင်း၊ မိတ်ဖက်ကောင်း၊ မိတ်ဆွေကောင်းနှင့် ညီအစ်ကိုကောင်း အစဉ်တစိုက် ဖြစ်မည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် အလယ်အာရှနိုင်ငံများနှင့်အတူ ကြိုးပမ်းအားထုတ်ပြီး ပိုမိုရင်းနှီးသော တရုတ်-အလယ်အာရှ ကံကြမ္မာတူ အသိုက်အဝန်းကို ပူးတွဲတည်ဆောက်လိုပါကြောင်း ပြောကြားခဲ့သည်ဟု China Media Group မှ သတင်းအရ သိရပါသည်။

Share this story on

Messenger Pinterest LinkedIn